ဓ-ါးစာခံများလွတ်မြောက်ရေး အစ္စရေး နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်

0
438
Demonstrators gather during a rally by the relatives of Israeli hostages held in Gaza since the October 7 attacks by Palestinian militants, and supporters, calling for the hostages' release outside the defence ministry headquarters in Tel Aviv on May 11, 2024, amid the ongoing conflict in the Gaza Strip between Israel and Hamas. (Photo by JACK GUEZ / AFP)

တဲလဗီ၊မေ ၁၂

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနှင့် ၎င်း၏အစိုးရအနေဖြင့် ဂါဇာ၌ စစ်သွေးကြွများ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဓ-ါးစာခံများ ပြန်လည်လွတ်မြောက်ရေးအတွက် ယခုထက်ပို၍ ကြိုးစားအားထုတ်သင့်သည်ဟု ထောင်ပေါင်းများစွာသော အစ္စရေးပြည်သူများက လမ်းမများပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

ယင်းသို့စုဝေးဆန္ဒပြသူများထဲ၌ လက်ရှိအချိန်အထိ ဂါဇာတွင်ထိန်းသိမ်းခံထားရဆဲ ဓ-ါးစာခံပြည်သူများ၏မိသားစုဝင်များက ၎င်းတို့၏ဓါတ်ပုံများကိုင်ဆောင်ကာ ပါဝင်ဆန္ဒပြခဲ့ကြသည်ဟုလည်းသိရသည်။

ဟားမတ်စ်အဖွဲ့အကြီးအကဲတစ်ဦးကမူ ဗြိတိန် – အစ္စရေးကပြား ဓ-ါးစာခံတစ်ဦးသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်းရရှိခဲ့သည့် ဒဏ်ရာများဖြင့် ‌ေ-သဆုံးသွားခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။

အဆိုပါဓ-ါးစာခံအမျိုးသားသည် ဆေးကုသမှုကောင်းစွာခံယူရပါက ကျန်းမာရေးပြန်လည်ကောင်းလာနိုင်သော်လည်း အစ္စရေးက ဂါဇာရှိဆေးရုံများကို ဖျက်ဆီးခဲ့သဖြင့် ဆေးကုသခွင့်မရ၍‌ေ-သဆုံးခဲ့ရသည်ဟုလည်းသိရသည်။

ယမန်နှစ်အောက်တိုဘာ ၇ ရက်၌ ဟားမတ်စ်တို့ အစ္စရေးကို စတင်တိုက်ခိုက်စဉ်က ဓ-ါးစာခံအယောက် ၂၅၀ ဖမ်းခေါ်သွားခဲ့ပြီး လက်ရှိတွင် ၁၂၈ ဦးဖမ်းဆီးထားဆဲဖြစ်ကာ ၃၆ ဦး မှာ ‌ေ-သဆုံးခဲ့ပြီး ဖြစ်သည်ဟုသိရသည်။ကျန်သူများမှာမူ အစ္စရေး နှင့် ဟားမတ် တို့ အကြား ပထမဆုံးပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်သည်။

Source : စီအင်န်အေ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here