အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအတွင်း မော်ဝါဒီသူပုန် ၁၂ ဦး ‌ေ-သဆုံး

0
196

အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မော်ဝါဒီသူပုန်တွေအကြား သောကြာနေ့က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ မော်ဝါဒီသူပုန် ၁၂ ဦး ‌ေ-သဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဒါဟာ နိုင်ငံအလယ်ပိုင်း သစ်တောဧရိယာတွေအတွင်း ဆယ်စုနှစ်များစွာရှည်ကြာပြီဖြစ်တဲ့ ပဋိပက္ခရဲ့ နောက်ဆုံးဖြစ်ထားတဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပါတယ်။

ယခုနှစ်အတွင်း သူပုန်စခန်းတွေမှာ အ‌ေ-သအပျောက်များတဲ့ တိုက်ခိုက်မှုတွေဖြစ်ထားတဲ့ Chhattisgarh ပြည်နယ်ရှိ ဝေးလံသီခေါင်တဲ့အရပ်မှာ ပျောက်ကြားသူပုန်တွေ ပစ်ခတ်သ–တ်ဖြ–တ်ခံခဲ့ရတာဖြစ်ပါတယ်။

စစ်ဆေးရှာဖွေမှုစစ်ဆင်ရေးအတွင်း မော်ဝါဒီသူပုန် ရုပ်အလေ-ာင်း ၁၂ လေ-ာင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသဆိုင်ရာရဲချုပ် ဗစ်ဗီကာနန်ဒါ ဆင်ဟာက AFP ကို ပြောဆိုပါတယ်။ Bljapur ခရိုင်ရှိ သစ်တောဧရိယာတစ်ခုမှာ သူပုန်ကေဒါတွေ တွေ့ဆုံမှုလုပ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းရရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက ထိုနေရာကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆင်ဟာက ပြောဆိုပါတယ်။ တိုက်ပွဲအတွင်း လက်လုံးဗုံးတွေကြောင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်လောက်စရာ အခြေအနေမဟုတ်ဘူးလို့ ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ မော်ဝါဒီသူပုန် ၁၀၀ ကျော် သ–တ်ဖြ–တ်ခံခဲ့ရပြီဖြစ်ပြီး အများစုက Chhattisgarh ပြည်နယ်မှဖြစ်တယ်လို့ သိရပါတယ်။

Naxalites လို့ လူသိများတဲ့ ယင်း သူပုန်တွေဟာ ကျေးလက်ဆင်းရဲသားတွေအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်တယ်လို့ ပြောဆိုထားပြီး ၁၉၆၇ ခုနှစ်ကစလို့ ပျောက်ကြားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

Ref: Barron’s


LEAVE A REPLY

Please enter your comment!
Please enter your name here