ဧပြီလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန်နှစ်သိန်းနီးပါးတင်ပို့ထား

0
326

ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ တစ်လတာကာလအတွင်းပြည်ပသို့ ပဲမျိုးစုံ တန်ချိန်နှစ်သိန်းနီးပါး တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် ၁၉၀၀၀၀ ကျော်အထိတင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေရရှိမှုမှာ ယခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁၆၄ သန်းကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် ပဲများအနက် မတ်ပဲနှင့် ပဲတီစိမ်းသည် ပြည်ပဝယ်လိုအားများခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေ ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပဲမျိုးစုံ စိုက်ပျိုးနေပြီး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းနှင့် တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်သည်။

ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here