အင်ဒို၌ ရေကြီးမှုကြောင့် ၄၁ ဦးသေဆုံးကာ ၁၇ ဦးပျောက်ဆုံးနေ

0
233

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၌ မီးတောင်တစ်ခုမှစီးဆင်းလာသော ချော်ရည်အေးများကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ကာ သေဆုံးသူ ၄၁ ဦးအထိရှိလာပြီး ၁၇ ဦးပျောက်ဆုံးနေကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ်ဌာန မှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

နာရီပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ မီးတောင်ရှင်တစ်ခုမှ‌ချော်ရည်အေးများသည် ဆူမားတြားကျွန်းမှခရိုင်နှစ်ခုသို့ စီးကျလာမှုကြောင့် လမ်းများ၊နေအိမ်များနှင့် ဗလီများရေလွှမ်းမိုးခဲ့ခြင်းလည်းဖြစ်သည်။

ပျောက်ဆုံးနေသူ ၁၇ ဦးကိုလည်း ကယ်ဆယ်ရေးသမားများကရှာဖွေလျက်ရှိပြီး ရေဘေးသင့်ဒေသခံပြည်သူများကို ယာယီရေဘေးရှောင်စခန်းများထက် ဘေးလွတ်ရာအရပ်၌ရှိသည့် ဆွေမျိုးများ၏နေအိမ်များ၌ ခိုလှုံနေကြရန်လည်းတိုက်တွန်းထားသည်။

“ကျွန်တော်တို့အနေနဲ့ ‌ပျောက်ဆုံးနေသူတွေကို အချိန်မီ ရှာဖွေကယ်တင်နိုင်ဖို့နဲ့ ဒေသခံတွေအပါအဝင် ထိခိုက်လွယ်တဲ့သူတွေကို ဘေးလွတ်ရာ ကို အမြန်ရွှေ့ပြောင်းပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ အဓိကလုပ်ဆောင်နေပါတယ်” ဟုလည်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

အစိုးရတာဝန်ရှိသူများကလည်း ဒေသခံပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်းများ ဆောက်လုပ်ပေးထားပြီး ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် အသက်ကယ်လှေများနှင့်ပါ ကူညီပေးနေကြောင်းလည်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here