ဘရာဇီးရေဘေး သေဆုံးသူ ၁၄၃ ဦးအထိများလာ

0
156

ရီယိုဒီဂျနေးရိုးလ်၊မေ ၁၂

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးလ်မြို့၌ ပြီးခဲ့သည့်ရက်သတ္တပတ်များကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၄၃ ဦးအထိမြင့်တက်လာကာ ပျောက်ဆုံးနေသူမှာ ၁၃၁ ဦးအထိရှိလာကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ဖြစ်ခဲ့သည့် ရေကြီးမှုကြောင့် ကျန်ရက်များအတွင်း သေဆုံးသူ ၁၃၆ ဦးရှိခဲ့ရာမှ ယခုတစ်ပတ်အတွင်း ၁၄၃ ဦးအထိဆက်လက်မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

စနေနေ့ညနေပိုင်း၌ ဘရာဇီးအစိုးရက လူဦးရေ ၁၀ ဒသမ ၉ သန်းထက်မနည်းသော အဆိုပါပြည်နယ်တွင် လူပေါင်း ၅၃၈,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သော သဘာဝဘေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးပေါ်အသုံးစရိတ်အဖြစ် ရီ ရေ့စ် ၁၂ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၄ ဘီလျံ) ခန့်သုံးစွဲမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ပျက်စီးသွားသည့် အရာများကို ချက်ချင်းပြန်ပြင်ပေးမည်ဖြစ်ကြောင်း ဘရာဇီးသမ္မတကပြောကြားခဲ့သလို ကန်သမ္မတကလည်း အကူအညီများပေးပို့နိုင်ရန် အစိုးရချင်းဆက်သွယ်ဆောင်ရွက်နေသည်ဟုပါပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here