မြိတ် – ကော့သောင်း လမ်းပိုင်းနှင့်  မြိတ် – ဘုတ်ပြင်းလမ်းပိုင်းများ ပြန်လည်သွားလာ၍ ရပြီ

0
210

တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြိတ် – ကော့သောင်းလမ်းပိုင်းနှင့် မြိတ် – ဘုတ်ပြင်း လမ်းပိုင်းများ ပြန်လည်သွား လာခွင့်ပြုပြီဖြစ်ကြောင်း မြိတ်ဒေသခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မြိတ် – ကော့သောင်း လမ်းပိုင်းအား မေ (၁၂) ရက်တွင်လည်း ကောင်း၊ မြိတ် – ဘုတ်ပြင်း လမ်းပိုင်းအား ယနေ့ မေ (၁၃) ရက်တွင်လည်းကောင်း အသီးသီးပြန် လည်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် မြိတ် – ထားဝယ်လမ်းပိုင်းနှင့် မြိတ်-ရန်ကုန်လမ်းပိုင်းကိုမူ ဖြတ်သန်းခွင့်မပြုသေးဘဲ ဆက်လက် ပိတ်ထားဆဲဖြစ် ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသ ည်။

” ဖြစ်တာ ထမင်းမစားရွာမှာ တိုက်ပွဲဖြစ်နေတာပေါ့လေ။ အဲဒီတော့ မြိတ်က ကားတွေလည်း ရန်ကုန်သွားမရ၊ ကော့သောင်းဘက်က လာတဲ့ကားတွေလည်း ရန်ကုန်သွားမရဘဲ မြိတ်မှာ နားနေရတာပေါ့။ အခုက မြိတ်- ဘုတ်ပြင်း-ကော့သောင်း ကားတွေတော့ သွားနေကြပြီ။ ဒါပေမဲ့ မြိတ်က ဆုံရပ်မြို့ဖြစ်နေတော့ ရန်ကုန်ဘက် ဆက်တက် မရဘဲ မြိတ်မှာ လာနားနေရတာပေါ့။ ထားဝယ်ဘက်က တက်လာတဲ့ ကားတွေလည်း ပုလောအထိပဲ ရောက်မယ်၊ ရန်ကုန်ဘက်ကိုဆက်ထွက်လို့မရဘူး။ ဆိုတော့ တနင်္သာရီတိုင်းဘက်က ဒေသတွင်း လမ်းတွေပြန်ဖွင့်ပေမယ့် ရန်ကုန် ဘက်ကို ဆက်ထွက်လို့မရသလို ရန်ကုန်ဘက်က လာတဲ့ကားတွေလည်း ဒီဘက်လာမရဖြစ်နေတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ဒေသတွင်း လမ်းပိုင်းအချို့ပြန်လည်သွားလာခွင့်ပြုပြီဖြစ်သည့်အတွက် ရက်ရှည်ပိတ်မိနေသော ခရီးသည်တင်ကားကြီးများနှင့် ကုန်တက်ကားကြီးများအား ဦးစားပေးဖြတ်သ န်းခွင့်ပြုလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ရန်ကုန် – ကော့သောင်းလမ်းပိုင်း အပါအဝင် ဒေသတွင်းချိတ်ဆက်လမ်းများဖြစ်သော မြိတ် – ကော့သောင်း၊ မြိတ် – ဘုတ်ပြင်း၊ မြိတ် – ထားဝယ် လမ်းပိုင်းတွင် ပိတ်မိနေသည့် ကာလတစ်လျောက် ခရီးသွားများ အနေဖြင့် နီးစပ်ရာဘုန်း ကြီးကျောင်းနှင့် တည်းခိုခန်းများတွင် ရက်ရှည် တည်းခိုခဲ့ကြရကြောင်း သိရသည်။

ပုံစာ – ယနေ့  မြိတ် – ဘုတ်ပြင်း လမ်းပိုင်းတွင် ပြန်လည်ထွ က်ခွာလာသည့် ခရီးသွားကားများ


LEAVE A REPLY

Please enter your comment!
Please enter your name here