မော်လမြိုင် – ရန်ကုန် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲ

0
146

မော်လမြိုင် – ရန်ကုန်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မော်လမြိုင်-ရန်ကုန် အစုန် အဆန်ခရီးစဉ်များကို ယနေ့ မေ(၁၃)ရက်မှ စတင်ကာ တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ထို့သို့ တိုးချဲ့ပြေးဆွဲပေးရာ၌ ယခင်ပုံမှန်ပြေးဆွဲပေးနေသ ည့် မော်လမြိုင်မှ ရန်ကုန်သို့ နံနက် (၈)နာရီ မိနစ်(၃၀)အချိန် ၌ ထွက်ခွာမည့် အစုန်ရထားခရီးစဉ်အပြင် နံနက် (၉)နာရီ (၁၅)မိနစ်တွင် ထွက်ခွာမည့် ရထားခရီးစဉ်ကို ထပ်မံတိုးချဲ့ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်မှ မော်လမြိုင်သို့ နံနက်(၆)နာရီ(၁၅)မိနစ်အချိန်၌ ထွက်ခွာမည့် အဆန်ရထားခရီးစဉ်အပြင် နံနက် (၇) နာရီ မိနစ်(၃၀)အချိန်တွင် ထွက်ခွာမည့် ရထားခရီးစဉ်တစ်ခုကိုလည်း တိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။

ထပ်မံတိုးချဲ့ပြေးဆွဲ့မည့် ရထားခရီးစဉ်များအတွက် လက်မှ တ်ကို တစ်ရက်ကြိုတင်ကာ ဝယ်ယူရမည်ဖြစ်ကာ ယခင်ပုံမှန်အတိုင်း ပြေးဆွဲနေသည့် အမြန်ရထားလက်မှတ်များကို နံနက် (၇) နာရီမှ (၁၂) နာရီအထိ တစ်ကြိမ်၊ နေ့လယ် (၁) နာ ရီမှ (၃) နာရီအထိ တစ်ကြိမ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အထက်တန်းလက်မှတ်များအား သုံးရက်ကြိုစနစ်ဖြင့်လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက် ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here