ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့တွင် ငွေကျပ်သိန်း (၇၀၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိ

0
155

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့တွင် အမျိုသား (၅) ဦးထံမှ ငွေကျပ်သိန်း (၇၀၀) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စ ည်း Sodium Cyanide များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မေလ (၁၁) ရက်၊ နံနက် (၈)နာရီခွဲအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်စောက်မြို့၊ ဗထူးရပ်ကွက်အနီးတွင် တင်ထွန်းဦး(ခ)ကိုနိုင် မောင်းနှင်ပြီး ခွန်ကျော်သူနှင့် မိုးကျော်သူ လိုက်ပါလာသ ည့် GOVZCT အမျိုးအစား မော်တော်ယာဉ်နှင့် ခွန်ကျော်သူ မောင်းနှင်လာသည့် SKAT SOWAR အမျိုးအစား မော်တော် ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်များပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide အလေးချိန် ၁၀၀၀၀ ကီလို (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၇၀၀)နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးချက်အရ အဆိုပါ ထိန်းချုပ်ဓာတု ပစ္စ ည်းများ တာဝန်ခံသယ်ဆောင်ခိုင်းသူ မိုးဇော် နှင့် စိုးနိုင်တို့အား TOYOTA LANDCRUISE R အမျိုးအစား မော်တော်ယာ ဉ် (၁) စီး၊ လက်ကိုင်ဖုန်း (၂) လုံးတို့နှင့်အတူ ထပ်မံ ဖမ်း ဆီးရမိခဲ့ကြောင်း သတင်းထု တ်ပြန်ထားသည်။

ဖြစ်စဉ်အရ တင်ထွန်းဦး(ခ)ကိုနိုင်(၂၉)နှစ်၊ မိုးကျော်သူ (၄၀) နှစ်၊ ခွန်ကျော်သူ(၃၈)နှစ်၊ မိုးဇော်(၄၁)နှစ်နှင့် စိုးနိုင်(၅၁)နှစ်တို့အား ရပ်စောက်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိ တ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here