မဲဆွယ်ဟောပြောမှုတွေ ပြင်းထန်​နေဆဲတွင် အိန္ဒိယ ရွေးကောက်ပွဲ စတုတ္ထအဆင့်အတွက် မဲပေးကြပြီ

0
221

စီးပွားရေး မညီမျှမှုတွေ၊ ဘာသာရေးအရ ကွဲလွဲမှုတွေနဲ့ ပတ်သက်လို့ မဲဆွယ်ဟောပြောချက်တွေ ပိုမိုပြင်းထန်လာစဉ် သီတင်းပတ် ၇ ပတ်ကြာမယ့် အထွေထွေရွေးကောက်ပွဲရဲ့ စတုတ္ထအဆင့်အတွက် မေ ၁၃ ရက်မှာ အိန္ဒိယနိုင်ငံသားတွေ ဆန္ဒမဲပေးခဲ့ကြပါတယ်။

“တိကျပြတ်သားသော အစိုးရတစ်ရပ်အတွက် ဆန္ဒမဲပေးကြဖို့ အားလုံးကို ကျွန်တော် ပန်ကြားပါတယ်” လို့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ သြဇာကြီး လက်ထောက်ဖြစ်တစ်ဦးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး မစ္စတာ အမစ်ရှားရှ်က မဲရုံတွေစဖွင့်ချိန်မှာ ပြောဆိုခဲ့ပါတယ်။

မေ ၁၃ ရက်မှာတော့ ပြည်နယ်နဲ့ ဒေသ ၁၀ ခုမှာ အမတ်နေရာ ၉၆ နေရာအတွက် မဲပေးမှုတွေ လုပ်ဆောင်ရမှာဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၇၇ သန်းရှိကြောင်း သိရပါတယ်။ အမတ်နေရာ အများစုဟာ နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေဖြစ်တဲ့ Telangana၊ Andhra Pradesh နဲ့ Odisha ပြည်နယ်တွေမှာဖြစ်ပြီး ယင်းဒေသတွေဟာ အာဏာရ BJP ပါတီအတွက် အခြားနေရာတွေလောက် ထောက်ခံသူအခိုင်အမာရှိတဲ့နေရာတွေ မဟုတ်ပါဘူး။

ရှေ့က ရွေးကောက်ပွဲ သုံးဆင့်မှာ မဲပေးသူ အရေအတွက် နည်းပါးခဲ့တာကြောင့် ကြီးကြီးမားမား ပြဿနာမရှိတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ စိတ်ပါဝင်စားမှုနည်းပါးရခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေထွက်ပေါ်လာခြင်းနဲ့အတူ မဲလာရောက်ထည့်မှုတွေကို နီးနီးကပ်ကပ် စောင့်ကြည့်ခဲ့ကြပါတယ်။

နိုင်ငံရဲ့ နေရာအတော်များများမှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီဆဲစီးယပ်စ်ဝန်းကျင် ရောက်ရှိနေခြင်းနဲ့အတူ ပူပြင်းတဲ့ရာသီဥတုရဲ့ မဲပေးမှုအပေါ် သက်ရောက်မှုကိုလည်း စောင့်ကြည်လျက်ရှိနေပါတယ်။

သဘောထားစစ်တမ်းများအရ BJP နဲ့ ယင်းရဲ့ မဟာမိတ်တွေ ပြတ်ပြတ်သားသား အနိုင်ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းထားမှုဟာ မဲပေးသူ အရေအတွက် နည်းပါးခြင်းနဲ့အတူ ၎င်းတို့ရဲ့ အခြေအနေအပေါ် သံသယတွေ တိုးလာစေကြောင်း သိရပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here