သထုံမြို့တွင် မိုးပျံပူဖောင်းရောင်းသူ အမျိုးသမီးက စိန်လော့ကတ် ကောက်ရကာ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့၊ ပိုင်ရှင်မှ ဆုငွေကျပ် (၁၅၀၀၀ဝ)ပြန်လည်ပေးအပ်

0
161

မွန်ပြည်နယ်၊ သထုံမြို့တွင် မိုးပျံပူဖောင်းရောင်းချသူ အမျိုးသမီးက ၎င်းကောက်ရခဲ့သည့် စိန်လော့ကတ်အား ပိုင် ရှင်ထံ ပြန်လည်ပေးအပ်ခဲ့ရာ ပိုင်ရှင်မှ ဆုငွေကျပ် (၁၅၀,၀၀ဝ)ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

လွန်ခဲ့သည့် မေလ(၅)ရက် နံနက် (၆)နာရီခွဲအချိန်ခန့်က သထုံမြို့၊ အောက်ကျင်းရပ်ကွက် မဟာအောင်မြေရွှေဘုံ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည့် ဂုဏဝိသိဌိပူဇာအခမ်းအနားသို့ လာရောက်သည့် အမျိုးသမီး တစ်ဦးမှာ နဂါးပုံကျောက်စီ စိန်လော့ကတ်(၁)ခုပျောက်ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးသွားသည့် ကျောက်စီစိန်လော့ကတ်အား သထုံမြို့၊ အောင်မြေရွှေဘုံ(၅)လမ်းတွင် နေထိုင်သည့် မိုးပျံပူဖောင်ရောင်းချသူ ဒေါ်တူးမာမှ မေလ(၅)ရက်၊ နံနက် (၇)နာရီအချိန်ခန့် ဆွမ်းစားဆောင် အတက်အဆင်းလှေကားပေါ်၌ ပက်လက်အနေထားဖြင့် တွေ့ရှိပြီး အဆောင်တစ်ခုအ ထင်ဖြင့် အမှုမဲ့ အမှတ်မဲ့ထားကာ လွယ်အိတ်ထဲတွင် ထည့် ၍ သိမ်းထားခဲ့ခြင်းဖြစ်သည်။

၎င်းမှာ ရွှေစာရံဘုရားဈေးတန်းမြောက်ဘက်မုဒ်တွင် မိုးပျံပူဖောင်းရောင်းချအပြီး မြောက်ဘက်ဇောင်းတန်း၌ ခတ္တနားနေစဉ် အနီးနားနားရှိ မိတ်ဆွေများအား နဂါးပုံအဆောင်တစ်ခုကောက်ရကြောင်း စကားပြောနေစဉ် အမျိုးသမီး(၁)ဦးမှ စကားစပ်မိရင်း လွန်ခဲ့သော(၅) ရက်ခန့်က  လူမှုကွန်ရက်ပေါ်တွင် နဂါးကျောက်စီ စိန်လော့ကတ် ပျောက်ဆုံးသည်ကို တင်ထားကြောင်းပြောပြခဲ့သည်။ 

မိုးပျံပူဖောင်းရောင်းသည့် ဒေါ်တူးမာမှ ၎င်းကောက်ရသည့် လော့ကတ်အား ထုတ်ပြခဲ့ရာ ပိုင်ရှင်ထံသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ပြီး ပိုင်ရှင်မှ မှရောက်ရှိလာပြီး စစ်ဆေးကာ မိမိပစ္စည်းမှန်ကန်ကြောင်း ပြောပြခဲ့ပြီး ပူဖောင်းရောင်းသည့် ဒေါ်တူးမာမှ ရွှေအချိန် (၁)မတ်သားကျော် နဂါးပုံစိန်စီလော့ကတ် ကာလတန်ဘိုးခန့်မှန်း ကျပ် (၂၀)သိန်းခန့်တန်ဖိုးရှိ နဂါးပုံလော်ကက်အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ်တူးမာအားလော့ကတ် ပိုင်ရှင်မှ ဆုငွေကျပ် (၁၅၀၀၀ဝ) ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here