ပွဲစားများဖြင့် UID နံပါတ်အတုများ ကိုင်ဆောင်အသုံး ပြုပါက အရေးယူမည်

0
245

ကြားပွဲစားများဖြင့် ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနကအသိပေးထုတ်ပြန်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေ ဖြင့် ပြည်သူလူထု၏ လုံခြုံရေးနှင့် လူမှုဘဝမြှင့်တင်ရေးတိုအတွက် အီလက်ထရောနစ်နည်းပညာအသုံးပြု၍ နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာ လဝက မြိုနယ်ရုံးများနှင့် Mobile Team များ ကွင်းဆင်းဆောင်ရွက်မှုများတွင် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသော်လည်း ပြည်သူများ အနေဖြင့် UID နံပါတ် ရရှိရေးအတွက် ကြားပွဲစားများဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး (Passport) ရုံးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်၊ နယ်စပ်ဂိတ် များတွင် တရား ဝင်ထုတ်ပေးထားခြင်းမရှိသည့် UID နံပါတ်အတုများ အသုံးပြုခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခဲ့ရကြောင်း ဖော်ပြထားသည်။

UID နံပါတ်ဆိုသည်မှာ လူတစ်ဦးချင်းစီ ကိုင်ဆောင်သည့် နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြု ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးနှင့် နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ် (Passport) ၏ ကိုယ်ရေးအချက်အလက်များအပေါ်မူတည်၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင် ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် (၁၀) ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်အား Random ဖြင့် ကျရာနံပါတ် ထုတ်ပေးခြင်းဖြစ်သည့် အတွက် ကာယကံရှင်ကိုယ်တိုင်ဆောင်ရွက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သိုဖြစ်ပါ၍ အကြောင်းအမျိုးမျိုးကြောင့် UID နံပါတ်ရယူလိုသူ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ လဝက မြိုနယ်ရုံးများသို လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြရန် အသိ ပေးထားသည်။

ထို့ပြင် UID နံပါတ် ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏  Facebook စာမျက်နှာဖြစ်သည့် eIDDept မှတစ်ဆင့်ဆက်သွယ်တိုင်ကြားရန်လည်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here