ခါကိဗ်ဒေသတွင် ယူကရိန်းတပ်များ အခက်အခဲနှင့် ရင်ဆိုင်နေရဟု ဇလန်းစကီးဆို

0
206

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက ခါကိဗ် ဒေသရှိ အခြေအနေများကို အခက်ခဲဆုံးထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ခက်ခဲသောအခြေအနေများနှင့် အရန်တပ်ရင်းများ ပြန်လည်နေရာချထားရေးတို့ကို အခြားတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်း၏ တရားဝင် Telegram အကောင့်တွင် တင်ထားသည့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ဇလန်းစကီးက ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အလက်ဇန်းဒါး ဆာစကီ နှင့် ကာကွယ်ရေးဝန်ကြီး ရပ်စတမ်ယူမီရော့ဗ် တို့ ထံမှ ခါကိဗ်‌ေးသ၏ အခြေအနေနှင့်ပတ်သက်သည့် အချက်အလက်များကို ရရှိထားကြောင်း ပြောကြားခဲ့သည်။ သူ့အဆိုအရ ခါကိဗ်ဒေသတွင် ပြန်လည်အင်အားဖြည့်တင်းမှုများပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

မီခေးလ်ဒရာပက်တီအား ခါကိဗ် စစ်ဆင်ရေးနည်းဗျူဟာ တပ်ဖွဲ့၏ တပ်မှူးအသစ်အဖြစ် ယမန်နေ့က ခန့်အပ်ခဲ့ကြောင်း သတင်းရရှိသည်။

ယူကရိန်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အန်တိုလီဘာဂျီလ်ဗစ်ချ် ကလည်း ခါကိဗ်ရှိ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များ၏ အခြေအနေမှာ လွန်စွာ ခက်ခဲနေကြောင်း ဆိုသည်။ “တိုက်ခိုက်ရေးဇုန်တွေရဲ့ အခြေအနေက ခက်ခဲနေဆဲပါ” ဟု  သူက မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။ ခါကိဗ် ဒေသ၏ Volchansk ဧရိယာတွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေကြောင်းကိုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here