သုခဒဂုံ အငှားအိမ်ရာ အိမ်ခန်းလခ ပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းပြုလုပ်နိုင်သည့်ရက်များ​ကြေငြာထားပြီ

0
192

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် ဒုတိယအဆင့် အိမ်ခန်းငှားရမ်းခွင့်ရရှိသူများကို အိမ်ခန်းလခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းကို သတ်မှတ်ရက်များအလိုက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရသည်။

သတ်မှတ်ရက်အလိုက် စာချုပ်ချုပ်ဆိုရမည့် တိုက်အမှတ်များနှင့် အိမ်ခန်းငှားရမ်းခွင့် ရရှိသူများစာရင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာထားပြီးဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်ရက်အလိုက် စာချုပ်ချုပ်ဆိုရမည့်တို က်အမှတ်များကို အသိပေးကြေညာထားပြီး သတ်မှတ်ထား သည့် နေ့ရက်များအတိုင်း အကြောင်းကြားစာပါ လိုအပ်သ ည့် စာရွက်စာတမ်းများနှင့်အတူ စာချုပ် ချုပ်ဆ်ို သွားနိုင်ရန် ထပ်မံ အသိပေးထားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင် အထည်ဖော် တည်ဆောက်ထားသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် အလုံး(၅၀) ၏ အခန်းပေါင်း (၈၀၀) အနက် တိုက် (၄၈) လုံး၏ အခန်းပေါင်း (၇၆၈) ခန်းအတွက် မီတာများရရှိပြီးဖြစ်ကာ အခန်းများတွင် တပ်ဆင်ပြီးဖြစ်သည့်အတွက် မေလ (၂၀) ရက်မှ စတင်ပြီး စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here