ပြိုင်ဘက် (၄) ယောက်အထိ ပြောင်းသွားတဲ့ ဂျောရှူဝါဗန်ရဲ့ UFC ပွဲစဉ် ယခုတစ်ခေါက် သေချာပြီလား

0
201

UFC ပြိုင်ပွဲများတွင် အောင်မြင်မှုအထိုက်အလျောက်ရရှိပြီး လူသိများလာသည့် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်အနေဖြင့် လာမည့် ဇွန်လလယ်တွင် ရုရှားဖိုက်တာ အူလန်ဘီကော့နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် လအတန်ကြာကပင် ဂျော့ရှူဝါဗန်အတွက် ပွဲစဉ်ကို UFC ဘက်က စီစဉ်ပေးနေခြင်းဖြစ်ပြီး ပြိုင်ဘက် (၄) ဦးအထိ တစ်ယောက်ပြီးတစ်ယောက် အပြောင်းအလဲ ဖြစ်နေခြင်း‌က UFC စီစဉ်သူများအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေ သည်။

ဇွန်လာ (၁) ရက်တွင် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာနှင့် ယှဉ်ပြိုင်ထိုးသ- တ်ရန် မူလကနောက်ဆုံး စီစဉ်ထားရာက ယခုတဖန် ယင်းပွဲစဥ်ပျက်ပြီး ဇွန်လ (၁၅) ရက်တွင် ရုရှားဖိုက်တာနှင့် ပွဲပြန်တည်ပေးထားခြင်းလည်းဖြစ်သည်။

ယခု (၄)ယောက်မြောက် အပြောင်းအလဲဖြစ်လာသော အ သက် (၃၂)နှစ်အရွှယ် ရုရှားဖိုက်တာ အူလန်ဘီကော့သည် အရပ် ၅ ပေ ၇ လက်မရှိကာ UFC ပွဲပေါင်း (၅)ပွဲထိုးသတ်အပြီး (၄)ပွဲအနိုင်ရရှိထားသူဖြစ်သည်။

ထို့ပြင် MMA ပွဲပေါင်း (၁၇) ပွဲ ထိုးသတ်ထားပြီး (၁၅) ပွဲအ နိုင်ရယူထားကာ ယင်းနိုင်ပွဲများအနက် (၉)ပွဲမှာ ချုပ်ကွက်ဖြင့် အနိုင်ယူနိုင်ခဲ့သူတစ်ဦးဖြစ်သည်။

UFC အနေဖြင့် ယခုကဲ့သို့ ပွဲစီစဉ်မှု အပေါ် ဂျော့ရှူဝါဗန်၏ မြန်မာပရိသတ်များက မေးခွန်းထုတ်မှုများ လုပ်ဆောင်နေပြီး ယခုပွဲစဉ်သည်လည်း အမှန်တကယ် ယှဉ်ပြိုင်ဖြစ်မည့်ပွဲစဉ်ဖြစ်မဖြစ် စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here