နိုင်ငံခြားငွေများကို လိုင်စင်မရှိဘဲ ရောင်းဝယ်နေခြင်းနှင့် လိုင်စင်ရှိသူများ သတ်မှတ်ဈေးနှုန်းဖြင့် မရောင်းခြင်းတို့ကိုအရေးယူမည်

0
192

ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ ရောင်းဝယ်နေခြင်းနှင့် လိုင်စင်ရှိသူများအနေဖြင့်လည်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းမပြုပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အ ရေးယူမည်ဖြစ်ကြောင်း မေ (၁၄) ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် အသေးသုံးနိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် စျေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ်နေသူများက စျေးကစားခြင်းကို ထိန်းသိိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (သို့ မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေ (၃၁) ရက်မှစတင်၍လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့်အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား ၂၀၂၃ ခုနှစ်  သြဂုတ် (၁၈) ရက်မှစတင်၍ လည်းကောင်း၊ တစ်ဦးလျှင်နိုင်ငံခြားငွေ ငွေသားဒေါ်လာ ၃၀၀ မှ ၅၀၀ (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား)များ ရောင်းချပေးလျက်ရှိသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD)လိုင်စင်ရ ဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ငွေကြေးအမျိုးအစား (၇)မျိုး(ဒေါ်လာ၊ယူရို၊စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း)တို့အား ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အထက်ဖော်ပြထားသော အသေးသုံးနိုင်ငံခြားငွေအစီအစဉ်ဖြင့်  ငွေသားမလုံလောက်ပါက ပြည်ပတွင် လိုအပ်သည့်နိုင်ငံခြားငွေအား နိုင်ငံတကာငွေပေးချေမှုကတ်(Debit card၊ Credit card များဖြင့် သုံးစွဲနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here