ဧပြီလအတွင်း ပြည်ပသို့ ပျားရည်တန် ၂၀​ကျော် တင်ပို့

0
353

၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၏ ဧပြီလတစ်လတာ ကာလအ တွင်း ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သု ည ဒသမ ၀၃၁ သန်း ရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန  ပျားလုပ်ငန်းဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာ နခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောပြချက်အရသိရသည်။  

” ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ တစ်လတာ ကာလအတွ င်း ပြည်ပကို ပုဂ္ဂလိကကဏ္ဍကနေ ပျားရည်မက်ထရစ် တန်  ၂၀ ဒသမ ၆ တန်တင်ပို့ထားပါတယ်။ ပျားရည်အနေနဲ့ ပန်းပေါင်းစုံ ပျားရည်နဲ့ ရော်ဘာပျားရည်ကို တင်ပို့ပါတယ်။ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို အဓိကတင်ပို့ပါတယ်” ဟု ၎င်းကဆိုသည်။

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းရရှိထားကြောင်း သိရသည်။

ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၁၅၀ ရ ရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ပျားရည် မက်ထရစ်တန်  သုည ဒသမ ၅ တန်တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ ၇၅၀ ရရှိသည့်အတွက် ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၆  တန်တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ သုည ဒသမ ၀၃ ၁ သန်းရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here