ထိုင်ဝမ်အနီး တရုတ်လေယာဉ် ၄၅ စီးတွေ့

0
362

တိုင်ပေ၊မေ ၁၅

ထိုင်ဝမ်သမ္မတသစ်ကျမ်းကျိန်ပွဲနီးလာချိန်၌ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်လေယာဉ် ၄၅ စီး ကို တွေ့ရှိခဲ့ရပြီး ယခုပျံသန်းမှုုသည် တစ်နှစ်တာကာလအတွင်း တစ်ရက်တည်းနှင့်အများဆုံးပျံသန်းခြင်းဖြစ်ကြောင်းသိရသည်။

တရုတ်သည်ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ်အခိုင်အမာပြောကြားထားသော်လည်း ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကမူ တရုတ်၏ပြောကြားချက်ကို  ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး တရုတ်ကမူ လိုအပ်ပါက အင်အားသုံး၍ သိမ်းပိုက်မည်ဖြစ်ကြောင်းဆိုသည်။

 မေလ ၂၀ ရက် နေ့ တွင် သမ္မတသစ်အဖြစ်ကျမ်းကျိန်ဆိုမည့် လက်ရှိဒုတိယ သမ္မတလိုင်ချင်တီအား အန္တရာယ်ရှိသည့်ခွဲထွက်ရေးသမားအဖြစ်ပေကျင်းကရှုမြင်ထားသဖြင့် လိုင်ချင်တီအနိုင်ရရှိချိန်ကတည်းက နှစ်ဖက်အကြားတင်းမာမှုမြင့်တက်လာသည်။

ဒေသစံတော်ချိန်နံနက် ၆ နာရီ၌ ထိုင်ဝမ်အနီးတစ်ဝိုက်တွင် လှည့်လည်နေသည့်တရုတ်လေယာဉ် ၄၅ စီးနှင့် ရေတပ်သင်္ဘောခြောက်စီးတို့ကိုတွေ့ခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပြီး အဆိုပါလေယာဉ်နှင့်သင်္ဘောများသည် ၂၄ နာရီကြာသည်အထိ လှည့်လည်နေခဲ့သည်ဟုလည်းဆိုခဲ့သည်။

အဆိုပါအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လိုက်လျော ညီထွေတုန့်ပြန်ခဲ့သည်ဟုလည်း ဝန်ကြီးဌာန၏ပြောကြားချက်အရသိရသည်။ယခုနှစ်များအတွင်း ပေကျင်းသည် ထိုင်ဝမ်ကို ပိုမို၍ စစ်ရေးအရဖိအား ပေး ခဲ့ပြီး နေ့စဉ်နီးပါးထိုင်ဝမ်ကျွန်းတစ်ဝိုက် ၌ စစ်ကစားမှုများပြုလုပ်လျှက်ရှိသည်။

Source : အေအက်ဖ်ပီ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here