ကိုဗစ် ရန်ပုံငွေများနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီအစည်းအဝေးပြုလုပ်

0
127

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကို မေ (၁၅)ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက နိုင်ငံတော် ၏ လှည့်ပတ်ရန်ပုံငွေ ကျပ်ဘီလီယံ ၅၀ ပြန်လည် ပေးဆပ်ပြီးစီးမှုအခြေအနေ၊ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ်ဘီလီယံ (၁၅၀) မှ ငွေကျပ် (၂၀) ဘီလီယံ၊ စုစုပေါင်း ငွေကျပ် (၇၀) ဘီလီယံကို ပြန်လည်ပေးဆပ် ပြီးစီးမှုအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။  

ထို့ပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့်ကာလအား သက် တမ်း (၁) နှစ် ထပ်မံ တိုးမြှင့်ပေးထားသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးငွေအား ကောက်ခံရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုးအရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင် ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ သက်တမ်းစေ့ပြီး ချေးငွေ ပြန်လည် ကောက်ခံရေး အစီအစဉ်နှင့် လုပ်ထုံး လုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here