သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း(၄၂)မျိုးကို FDA ထုတ်ပြန်

0
139

အာဆီယံဒေသတွင်းတွေ့ရှိရသော တားမြစ်ဓါတုပစ္စည်းပါဝ င်သည့် အလှကုန်ပစ္စည်း (၄၂) မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောတားမြစ်ဓါတုပစ္စည်းများ ပါဝင်နေသဖြင့် အများပြည်သူသုံး စွဲရန် မသင့်တော်ကြောင်းလည်း FDA Myanmar အသိပေးကြေညာထားသ ည်။

အဆိုပါ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက် ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြား ရောဂါများ ဖြစ်ပွားနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here