ကုန်တင်ရေယာဉ်တစ်စီးပေါ်မှ ဒဏ်ရာရ တရုတ်အမှုထမ်းအား တပ်မတော် (ရေ) မှ ကူညီကယ်ဆယ်

0
214

မြန်မာ့ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံပိုင် ကုန်တင်ရေယာဉ်တစ်စီးပေါ်မှ ပြင်းထန်ဒဏ်ရာရရှိပြီး အရေးပေါ် ဆေးကုသရန် လိုအပ်လျက်ရှိသော ရေယာဉ်အမှုထမ်းအား တပ်မ တော် (ရေ) မှ ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း၏ အနောက်မြောက်ဘက် (၆၉)မိုင်ခန့် အကွာ၌ အိန္ဒိယနိုင်ငံ Dhamra Port မှ တရုတ်နိုင်ငံသို့ ထွက်ခွာလာသည့် တရုတ်နိုင်ငံပိုင် CHANG HANG HAO HAI အမည်ရှိ ကုန်တင်ရေယာဉ်ကြီးပေါ်မှ ရေယာဉ်အမှုထမ်း တစ်ဦးမှာ မေလ (၁၄)ရက်၊ နေ့လယ် (၁)နာရီခန့်က အမြင့်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြုတ်ကျခဲ့ရာမှ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့သ ဖြင့် အရေးပေါ်ဆေးကုသရန်လိုအပ်ကြောင်း MRCC မှ တ ဆင့် အကူညီတောင်းခံလာသဖြင့် ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသ ည့် တပ်မတော်(ရေ)မှ အမြန်သွားတိုက်ခိုက်ရေးယာဉ်တစ်စီးမှ ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ဆောင်ရန် သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ရေယာဉ်ရှိရာနေရာသို့အရောက် ထိခိုက်ဒဏ်ရာရလူနာ တရုတ်လူမျိုး ရေယာဉ်အမှုထမ်း Mr. TAN BIN  ကို ဆေးကုသမှုခံယူနိုင်ရန် စစ်ရေယာဉ်ပေါ်သို့ ရွှေ့ ပြောင်း တင်ဆောင်၍ ကနဦး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ အချိန် မီ ပို့ဆောင်ပေးခဲ့၍ ဆေးကုသပေးခဲ့ပြီး လိုအပ်သည့် ဆေးအကာကွယ်ပေးမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ပုသိမ်မြို့သို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here