ထိုင်ဝမ်သမ္မတသစ်ကျမ်းကျိန်ပွဲကန်ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်–ဘိုင်ဒင်

0
258

တိုင်ပေ၊မေ ၁၅

ထိုင်ဝမ်သမ္မတသစ် လိုင်ချင်တီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမည့် ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့တက်ရောက်ရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ထိုင်ဝမ်သို့စေလွှတ်မည်ဟု ဂျိုးဘိုင်ဒင်အစိုးရကပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့၌ အ မေရိ ကန်သမ္မတဘိုင်ဒင်၏ ထိပ်တန်းစီးပွားရေးအကြံပေးဟောင်း Brian Deese နှင့် သမ္မတဟောင်း George W. Bush လက်ထက်က နိုင်ငံခြားရေးဝန်ကြီး Richard Armitage တို့ပါ၀င်ကြောင်းလည်းသိရသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ၂၀၁၆ ခုနှစ်က သမ္မတဆိုင်၏ ကျမ်းကျိန်ပွဲသို့လည်း ကန်သမ္မတ‌ အိုဘားမားက  ကိုယ်စားလှယ်အဖွဲ့စေလွှတ်တက်ရောက်စေခဲ့သေးသည်။

လက်ရှိသမ္မတဆိုင်အင်ဝမ်၏ ဒုတိယသမ္မတဖြစ်သည့် မစ္စတာလိုင် နှင့် ၎င်း၏မိတ်ဖက် Hsiao Bi-Kim တို့ကို  အန္တရာယ်ရှိသော ခွဲထွက်ရေးသမားများအဖြစ် ပေကျင်းက သတ်မှတ်ထားသည်။

သို့သော် ပေကျင်းကမူ မည်သူအာဏာရသည်ဖြစ်စေ ထိုင်ဝမ်ကို လိုအပ်လျှင်အင်အားသုံးလျှက် သိမ်းယူကာ ၎င်းတို့နှစ်နိုင်ငံသည် နောက်ဆုံးတွင် ပြန်လည်ပေါင်းစည်းရမည့် တရုတ် ၏အစိတ်အပိုင်းအဖြစ်သာရှုမြင်ထားခဲ့သည်။

အမေရိက အပါအဝင် နိုင်ငံအများစုသည် ထိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြု မထားသော်လည်း ၀ါရှင်တန်ကမူ တရုတ်၏ ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းယူရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကာ လက်နက်များထောက်ပံ့ပေးရန်လည်းကတိပြုထားခဲ့သည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here