အစ္စရေးအနေဖြင့် ဂါဇာ၏ အနာဂတ်အတွက် ရှင်းလင်း ခိုင်မာသည့်အစီအစဉ်ရှိဖို့လို–ဘလင်ကန်

0
255

ကိဗ်၊မေ ၁၅

အာဏာေကြာင့် ကစဥ့်ကလျား ဖြစ်လာနိုင်သည့် ဂါဇာကမ်းမြောင်ဒေသ၏ အနာဂတ်အတွက် ပြတ်သားခိုင်မာသည့်အစီအစဥ်တစ်ခုလိုအပ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မေလ ၁၅ ရက်တွင် ပြောကြားခဲ့ကြောင်းသိရသည်။

 အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းသို့ ဟားမတ်စ်စစ်သွေးကြွများ၏တိုက်ခိုက်မှုများဖြစ်ပွားပြီး လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ရသည့် နောက် ဂါဇာ ကို ဟားမတ်စ်များ ဆက်လက် အုပ်ချုပ်နိုင်လိမ့်မည်မဟုတ်ဟု ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ် အစ္စရေးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က အစ္စရေးရဲ့သိမ်းပိုက်မှုကို ထောက်ခံမှာမဟုတ်သလို ဂါဇာမှာ ဟားမတ်စ်တွေအုပ်ချုပ်မှာကိုလည်း မထောက်ခံပါဘူး” ဟု ကိဗ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘလင်ကန်ကပြောကြားခဲ့သည်။

လွန်ခဲ့သည့် ခုနစ်လကျော်က ပါလက်စတိုင်းနယ်မြေရှိ ဟားမတ်စ်အဖွဲ့အား ဖယ်ရှားပစ်မည်ဟု အစ္စရေးက ကတိပြုခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသအတွက် ပဋိပက္ခအလွန် အစီအစဥ်များကို အမေရိကန်ထိပ်တန်းသံတမန်သည် အစ္စရေး၏အာရပ်အိမ်နီးချင်းများနှင့် အကြိမ်ပေါင်းများစွာတွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here