မြန်မာဘော လုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို အာရှဘောလုံး အဖွဲ့ချုပ်ဂုဏ်ပြု

0
177

အာရှဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူးချွန်ဆုတစ်ခုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ(၁၆) ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၃၄) ကြိမ်မြောက် အာရှဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ 

ချီးမြှင့်ခံရသည့် ဆုတံဆိပ်သည် အာရှဒေသ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ မဆုတ်မနစ် ထမ်းရွက်မှုများ၊ ဘောလုံးအားကစားနှင့်အတူ လူ့အဖွဲ့အစည်းကောင်းကျိုးအတွက် ထူးချွန်စွာဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုပေးအပ်သည့် ဂုဏ်ထူးဆောင်စွမ်းဆောင်ရည်ထူးချွန်ဆုဖြစ်သည်။ 

ကိုဗစ်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတွင် အထူးကြပ်မတ် ကုသဆေးရုံများ ဆောက်လုပ်ပြီး လူနာများကို စောင့် ရှောက်ပေးခြင်း၊ အခမဲ့စစ်ဆေးမှု ပြုလုပ်ပေးခြင်းများအပြင် အာရှဘောလုံးအားကစား တိုးတက်ရေးဆောင်ရွက်မှုများကြောင့် ယခုကဲ့သ်ို့ ဂုဏ်ထူးဆောင် စွမ်းဆောင်ရည်ထူး ချွန်ဆု ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ဦးဇော်ဇော်သည် အာရှဘောလုံး အဖွဲ့ချုပ်၏ Senior Vice President အဖြစ်တာဝန်ယူ ဆောင်ရွက်နေပြီး AFC Social Responsibility ကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်း ကောင်း၊ AFC Dream Asia Foundation ဘုတ်အဖွဲ့ဝင် တစ်ဦးအဖြစ်လည်းကောင်း၊ အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှု ရေးလုပ်ငန်းစဉ်များတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ဓာတ်ပုံ – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here