ရုရှားနှင့် တရုတ်တို့သည် ထာဝရညီအစ်ကိုများဟု ပူတင်ပြော

0
291

ရုရှား-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ရေး နှစ်များ စတင်ခြင်းအတွက် ရည်ရွယ်သည့် ဖျော်ဖြေပွဲ မတိုင်မီတွင်  နှစ်နိုင်ငံ ညီအစ်ကိုပမာ ရင်းရင်းနှီးနှီး အပြန်အလှန် ဆက်ဆံမှုအပေါ် ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၁၉၄၀ ပြည့်လွန်နှစ်များကခေတ်စားခဲ့သော သီချင်းတစ်ပုဒ်ကို ကိုးကား၍ မော်စကိုနှင့် ပေကျင်းကြား ဆက်ဆံရေးကို ဖော်ပြခဲ့သည်။ 

“ဒီပွဲကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်တဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ရည်စူးပြီး သံတမန်ဆက်ဆံရေး စတင်ထူထောင်တဲ့အချိန်က ကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ကို ကိုးကားချင်ပါတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ဖန်တီးခဲ့တဲ့ သီချင်းပါ။ ဒါပေမယ့် ဒီနေ့ခေတ်အထိကို မကြာခဏ သီဆိုလေ့ရှိကြပါတယ်။ အဲဒီထဲမှာ တော်တော်လူကြိုက်များတဲ့ စာသားတစ်ခုပါပါတယ်။  အဲဒီစာသားကတော့ ‘ရုရှားနဲ့ တရုတ်ဟာ ထာဝရ ညီအကိုတွေ ဖြစ်တယ်’ ဆိုတဲ့ စာသားပါပဲ” ဟု ပူတင်က ပြောကြားခဲ့သည်။

“ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးရဲ့ ညီရင်းအစ်ကို စိတ်ဓာတ်ကို ဆက်လက် ခိုင်မြဲစေမှာ သေချာပါတယ်” ဟု ရုရှားသမ္မတက အလေးပေး ပြောကြားခဲ့သည်။

ရုရှားသမ္မတ၏ မိန့်ခွန်းကို ရှေးဦးစွာနားထောင်ပြီးနောက် တရုတ်ဘာသာပြန်ဆိုမှုကို ထပ်မံ ကြားသိလိုက်ရသော  ပရိသတ်များသည် ရုရှားသမ္မတ၏စကားကို နှစ်ကြိမ်စလုံးပင် ချီးကျူးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here