မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရသူ (၁,၀၀၀) ကျော်အထိ ရှိလာ

0
283

မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရသူဦးရေမှာ (၁,၀၀၀)ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကုလမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ယမန်နေ့တွင်အသိပေး ထုတ်ပြန်ထားသည်။

ယင်း အရေအတွက်သည် ၂၀၂၃ ခုနှစ်အတွင်း မြေမြှပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်ထက်(၂၇၀) ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့သည်ဟု အသိ ပေးချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြေမြှပ်မိုင်းကြောင့် ယခုနှစ် မေလ(၂) ရက်မှ (၉) ရက်အတွင်း ချင်းပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင်အရပ်သား (၆) ဦးအသ က်ဆုံးရှုံးခဲ့ရသပြီး၊ အခြား (၅) ဦးမှာလည်း ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ဆိုသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အ ကြွင်းအကျန် အန္တရာယ်များသည် ပဋိပက္ခဒဏ်ခံရသောဒေ သများ၌ ပိုပြီးကြီးမားလာသည့် အခြေအနေဖြစ်သည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်ပေါင်းများစွာကပင် ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့ရာ စစ်၏ဘေးထွက်ဆိုးကျိုးအနေဖြင့် မိုင်းနှစ် စစ်လက်နက်ပစ္စည်းအန္တရာယ်သည် လူထုကို တိုက်ရိုက် ဒုက္ခပေးလျက်ရှိနေခြင်း ဖြစ်သည်။

ယင်းသို့ လူထုကို ဒုက္ခပေးလျက်ရှိသည့် မိုင်းနှစ် စက်လက်နက်ပစ္စည်းအကြွင်းအကျန်များ ရှင်းလင်းရေးကို ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ‌အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ အားစိုက် လုပ်ဆောင်ခဲ့သည်။

ထိုသို့ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်းတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ မိုင်းနှင့် စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်သည် ယခင်ကာလကထက် ပိုမိုးဆိုးရွားလာသည့်အခြေအနေမျိုး ဖြစ်လျှက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here