တောင်တရုတ်ပင်လယ်အရေး (၄၃) ကြိမ်မြောက် အာဆီယံ – တရုတ် လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

0
164

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံး လုပ်နည်းဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၄၃)ကြိမ်မြောက် အာဆီယံ-တရုတ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ (၁၃) ရက်မှ မေ(၁၅) ရက်အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေး ရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန် မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် သမုဒ္ဒရာရေးရာဌာန ကိုယ်စားလှယ် Mr. Tan Qingsheng နှင့်အတူ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက် (DOC) အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို ပြန်လည် သုံးသပ်ခဲ့ကြပြီး တောင်တရုတ် ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှု တိုးတက်စေရေးနှင့် စွမ်းဆောင်ရည်မြင့်တင်ရေး လက်တွေ့ကျသည့် ပင် လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ကြသည်။

ထို့ပြင် ပင်လယ်ရေကြောင်းစိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန် အရန်အသင့်ရှိမှုနှင့် ၂၀၂၄ ခုနှစ်အတွက် DOC အကောင် အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်မှုကို အထောက်အကူဖြစ်စေမည့် ပင် လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် အ သစ်များကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။ 

ထို့ပြင် တောင်တရုတ် ပင်လယ်ဆိုင်ရာကျင့်ထုံး၏ တစ်ခုတည်းသော ညှိနှိုင်းစာသားအား ဆက်လက်ဆွေးနွေးခဲ့ကြပြီး အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်း အဝေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၂၁ -၂၀၂၄ ခုနှစ်တာကာလအတွက် DOC အကောင်အထည်ဖော်ရေး ဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ ပူးတွဲသဘာပတိအဖြစ် မြန်မာနိုင်ငံ၏ အပြုသ ဘောဆောင်၍ အရေးပါသည့် ဦးဆောင်ဦးရွက်ပြုမှုကို အ သိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၄ -၂၀၂၇ ခုနှစ်တာ ကာလအတွက် မလေးရှားနိုင်ငံမှ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် ကြိုဆိုခဲ့ကြပြီး မြန် မာနိုင်ငံအနေဖြင့် အာဆီယံ – တရုတ်ဆွေးနွေးဖက်ဆ က်ဆံရေး၏ ညှိနှိုင်းရေးမှူးတာဝန် ဆောင်ရွက်စဉ် ကာလအတွင်း DOC ဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး စုစုပေါင်း (၁၁) ကြိမ်နှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (၂) ကြိမ်တို့ကို ပူးတွဲသဘာပတိအဖြစ် ဦးစီးကျင်းပခဲ့သည်။

ဆက်လက်၍ DOC အကောင်အထည်ဖော်ရေးဆိုင်ရာ (၄၄) ကြိမ်မြောက် အာဆီယံ-တရုတ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၂၂)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် တစ်ဆက်တည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပရန် သဘောတူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here