ဇဝန City Mart အနီးတွင် ဈေးရောင်းနေသည့် အမျိုးသား တစ်ဦး ရုတ်တရက်လဲကျကာ အသက်ဆုံးရှုံးမှုဖြစ်ပွား

0
610

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဇဝန City Mart အနီးတွင် ဈေးရောင်းနေသည့် အမျိုးသား တစ်ဦး ရုတ်တရက်လဲကျကာ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းမှ သိရသည်။

မေလ(၁၆)ရက်၊ ညပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန City Mart အနီး အမျိုးသားတစ်ဦး ရုတ်တရက်လဲကျ ‌ေ-သဆုံးသွားကြောင်း ဖုန်းဆက်အကူအညီတောင်းခံလာ သည့်အတွက် Medical လူငယ်များ လူမှုကူညီရေးအသ င်း(ရုံးချုပ်)မှ Volunteers(၂)ဦး သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရုတ်တရက်လဲကျ အသက်ဆုံးရှုံးခဲ့ရသူမှာ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းတွင် နေထိုင်သူ အသက် (၄၆) အရွယ်ရှိ ဦးဇော်ဝင်း ဆိုသူဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အမျိုးသား အသက်ဆုံးရှုံးခဲ့ရသည့် အကြောင်းရ င်းကို မသိရှိရသေးဘဲ ရုပ်အလောင်းအား ဆန်ရေလူမှုကူညီရေးအသင်းကားဖြင့် ရေဝေးသုသာန်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here