MNL Youth (U-20) League 2024 ပြိုင်ပွဲဝင် ကစားသမားများအား အသက် စစ်ဆေး

0
120

MNL Youth (U-20) League 2024 ပြိုင်ပွဲအား ဇွန်လ(၁) ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်အသင်းများရှိ ကစားသမားများ၏ အသက်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို မေ (၁၆)ရက်တွင် ပြုလုပ်ခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။

ယနေ့တွင် အား/ကာသိပ္ပံယူ-၂၀၊ ရန်ကုန်ယူနိုက်တက်ယူ -၂၀၊ ဒဂုံစတား ယူနိုက်တက်ယူ -၂၀ နှင့် ဒဂုံပေါ့ယူ -၂၀ အ သင်းတို့ကို အသက်မှန်ကန်မှု ရှိမရှိ စစ်ဆေးခဲ့ပြီး မေလ (၁၇) ရက်တွင် ရှမ်းယူနိုက်တက် ယူ-၂၀၊ ရခိုင်ယူနိုက်တက်ယူ-၂၀၊ သစ္စာအားမာန် ယူ-၂၀ နှင့် မဟာယူနိုက်တက်ယူ -၂၀ အသင်းတို့ကို စစ်ဆေးသွားမည်ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ကစားသမားများ၏ မှတ်ပုံတင်မူရင်း၊ သန်းခေါင်းစာရင်းမူရင်း၊ မွေးစာရင်းမူရင်း၊ ကျောင်းထောက်ခံစာစသည့် လုံလောက်သော အထောက်အထားအပြည့်အစုံရှိမရှိ စစ်ဆေးခြင်း၊ ပြင်ရာ/ဖျက်ရာ ပြုလုပ်ထားခြင်းရှိမရှိတို့ကိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ကာ၊ ပြိုင်ပွဲဝင်(၁၂)သင်းက ဇွန်(၁)ရက်မှ ဒီဇင်ဘာလအထိ  (၇)လကြာ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here