ကဆုန်လပြည့်၌ကျိုက်ထီးရိုးစေတီတွင် တောင်တော်အပ်ပွဲအခမ်းအနားကိုရိုးရာမပျက်ကျင်းပမည်

0
322

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးစေတီတော်တွင် ကဆုန်လပြည့်နေ့၌ တောင်တော်အပ်ပွဲ အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ ထံမှ သိရသည်။

နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ဘုရားပွဲ‌တော်ပိတ်ပွဲနှင့် တောင်တော်အပ်ပွဲ အခမ်းအနားများကို ကျင်းပလေ့ရှိသည်။

ကျိုက်ထီးရိုးဘုရား တောင်တော်ဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့က ကျင်းပခဲ့ပြီး မိုးတွင်းကာလ၌ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းစေရန် ရည် ရွယ်ကာ တောင်တော်အပ်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ကျိုက်ထီးရိုးတောင်ပေါ်ကို မိုးရာသီတွင် လာရောက်မည့် ဘုရားဖူးများအတွက် ဟိုတယ်၊ တည်းခိုခန်းများ၊ အခမဲ့တည်းခို ဆောင်များ၊ စားသောက်ဆိုင်ခန်းများကို စုံလင်စွာ ဖွင့်လှစ်ထားပေးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here