ဆောင်းနှမ်းလက်ကျန်နည်းနေပြီဖြစ်၍ နှမ်းစျေးမြင့်တက်လာ

0
247

ပြည်တွင်း၌ ဆောင်းနှမ်းလက်ကျန်နည်းနေပြီဖြစ်၍ နှမ်းစျေးမြင့်နေကြောင်း နှမ်းကုန်သည်နှင့် တောင်သူများထံမှ သိရသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ ဆောင်းနှမ်းလက် ကျန်နည်းခြင်း၊ နွေနှမ်းမဝင်သေးခြင်းနှင့် အဝယ်ပုံမှန်ရှိခြ င်းကြောင့် စျေးနှုန်းများမြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် နှမ်းနက်မှာလည်း တရုတ်ဝယ်လက်နည်းသော်လ ည်း လက်ကျန်နည်းခြင်းကြောင့် စျေးနှုန်း အတက်စျေးဖြင့် ငြိမ်နေကြောင်း သိရသည်။

မတ်လ (၁၄) ရက် အောင်လံကုန်စည်ဒိုင်၏ ဈေးကွက် ပေါ က်ဈေးအရ နှမ်းနက် စမှုံ (၄၅) ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ မှ ၃၈၀၀၀၀ ကြားထိ ပေါက်ဈေးရှိပြီး၊ နှမ်းဖြူမှာ ၃၅၀၀၀၀ ကျပ်၊ နှမ်းညို  ၃၄၀၀၀၀ ကျပ်ထိ အမြင့်စျေးတွင် ရှိနေကြောင်းသိရသည်။

ထို့ပြင် မန္တလေး ကုန်စည်ဒိုင်တွင် နှမ်းနက် စမှုံ (၄၅) ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀ မှ ၄၂၀၀၀၀ ကျပ် ကြားထိ ပေါက်ဈေးရှိပြီး နှမ်းဖြူ Jp မှာ ၄၂၀၀၀၀ ကျပ် အထိအမြင့်စျေးတွင် ရှိကြောင်း သိရသည်။

ယခင်က မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ဂျပန်၊ စင်ကာပူနှင့် ထို င်၀မ်သို့ တင်ပို့လေ့ရှိပြီး လက်ရှိတွင် တရုတ်နိုင်ငံ တစ်ခုတည်းကသာ အဝယ်အနည်းငယ်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here