ကန့်ဘလူမြို့နယ်တွင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထား

0
113

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အခမဲ့ဖြန့်ဝေပေးနိုင်ရန် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ပျိုးပင်များ ပျိုးထောင်ရာတွင် နှစ်ရှည်ခံနှင့် အရိပ်ရပင်များဖြစ်သည့် တမာပင် ၆၀၀၀၊ ကျွန်းပင် ၃၀၀၀၊ ယူကလစ်ပင် ၅၀၀၀၊ မယ်ဇလီပင် ၂၀၀၀၊ ဗန်ဒါပင် ၁၅၀၀၊ သင်္ဘောတယ်ပင် ၁၀၀၀ နှင့်စိန်ပန်း ၁၅၀၀ စုစုပေါင်း ၂၀၀၀၀ ပျိုးထောင်ထားကြောင်း သိရသည်။

ဒေသတွင်း စိမ်းလန်းစိုပြည် ရေးနှင့်ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ကန့်ဘလူမြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတ စေရန်အတွက် နှစ်စဥ်မိုးရာသီတွင် သစ်ပင်များစိုက် ပျိုးနိုင်ရန် ပျိုးပင်များပျိုးထောင်နေခြင်း ဖြစ်သည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ နယ်မြေခံ တပ်ရင်းတပ် ဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။

ယခုနှစ်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ၂၀၂၄ ခုနှစ် မိုးရာ သီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံပြည်သူများအတွက် အခမဲ့ဖြန့်ဝေပေးနိုင်ရန် အမှတ်( ၃)ရပ်ကွက်ရှိ သစ်တောဌာနပိုင်ရွှေကျွန်းတော ပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here