မြန်မာပြည်သိန်းတန် ပြောတဲ့ အနုပညာသမားတိုင်းရဲ့ စောင့်စည်းရမယ့် သီလ

0
198

myanmarpyi-thein-tan-copy

‘ဖက်ရှင်’ ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကို ရိုက်ကူးပြီးစီးခဲ့ပြီ ဖြစ်တဲ့ မြန်မာပြည်သိန်းတန်က သူ့ရဲ့ တစ် ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်ဖို့ အတွက် အစီအစဉ်ရှိနေပေမယ့် လည်း ပရိသတ်အမြင်မှာ တစ်ပွဲနဲ့ တစ်ပွဲ မထပ်စေချင်တာကြောင့် သေ ချာစီစဉ်ပြီးမှပဲ ပြုလုပ်ချင်တဲ့အ တွက်အချိန်ယူနေရခြင်း ဖြစ်တယ်လို့ ဆို ပါတယ်။ မြန်မာပြည် ပြန်ရောက် စဉ်ကတည်းက ရေးသား ဖြစ်ခဲ့တဲ့ သီချင်းသစ် အပုဒ်ရေ စုစုပေါင်း ၂ဝ ကျော်ကိုလည်း စီးရီးအဖြစ် ထုတ် ဝေချင်တဲ့ဆန္ဒလည်း သူ့မှာရှိနေ ပါတယ်။ ဒါ့အပြင် မြန်မာပြည်သိန်းတန် က လတ်တလောမှာ ပရိသတ်အတွက် သူပြောပြချင်နေတဲ့ စကားလေးတွေ ရှိတယ်ဆိုပြီး ပြော ပြလာတာကတော့ ..

“အနုပညာသည်တွေ ဆိုတာ ရုပ်ရှင်၊ ဂီတ ၊ သဘင်၊ စာပေ၊ ပန်းချီ၊ ပန်းပု၊ ရုပ်သေး စသဖြင့် အနုပညာသည်တွေ အများအပြားရှိ ပါတယ်။ အနုပညာသည်တိုင်း၊ အနုပညာသည် တိုင်းဟာ  ပရိသတ် ရဲ့ သားသမီးတွေ ဖြစ်တယ်။  တစ် တိုင်းတစ်ပြည်လုံးက ပရိသတ်ရဲ့ သားသမီးတွေ ဖြစ်ပါတယ်။ ပရိ သတ်က မိဘများ ဖြစ်ပါတယ်။ ဂီတ သမားတွေဟာလည်း ပရိသတ် မရှိ ဘဲနဲ့လည်း အသက်မရှင်နိုင်ဘူး။ တစ်ယောက်တည်း ဘယ်နေရာမှာမှ အသက် မရှင်နိုင်ဘူးလေ။ ပရိ သတ်က မြေတောင်မြှောက်ပေးတာ ရှိတယ်။ နေရာပေးတာရှိတယ်။ ချီးမြှောက် တာ ရှိတယ်။ သူတို့တွေက မိဘပဲ။ အဲဒီတော့ ပရိသတ်ရဲ့ ဝေဖန်မှုဆိုတာ အမြဲရှိတယ်။ ဦး ကိုလည်း ပရိသတ်က သူတို့ထင် တာ သူတို့ ပြောတာပဲ။ လိုင်းပြောင်း သွားပြီလား၊ ဘာညာပြောတာပါပဲ။ သူတို့ပြောနေတာတွေကို ဦးက စိတ်ဆိုးဖို့ လုံးဝမလိုဘူး။ သူ့တို့ အတွေး နဲ့သူတို့ ထင်ရာကိုပြောတယ် ဆိုတာ ပြောပိုင်ခွင့် ရှိတယ်။ ဦးတို့က အဲဒါ ကို နားစွင့်ကြည့်ပြီးတော့မှ ဟုတ် တယ်၊ မဟုတ်ဘူးပေါ့။ မဟုတ် ဘူး ဆိုရင်လည်း မှန်မှန်ကန်ကန်၊ ရိုးရိုး သားသားနဲ့ ခင်ခင်မင်မင် ပြန်ပြော ရင်လည်းပြောပေါ့။ မပြောချင်လည်း ဒီအတိုင်းနေပေါ့။ ပရိသတ်မှာတော့ သူတို့ရဲ့Right  အရ ဝေဖန်တယ်။ သူတို့ဝေဖန်တယ် ဆိုတာကလည်း အပြုသဘောတွေပါတယ်။ မေတ္တာ သဘောတွေ ပါတယ်လေ။ သူတို့ရဲ့ သားသမီးဖြစ်တဲ့ ဦးတို့ကို သူတို့ ဖြစ်စေချင်တာလေးတွေ၊ လိုလား တာလေးတွေကို ပြော တဲ့သဘောသာ ဖြစ် တယ်။ အဲဒီဟာ ကို တန်ပြန်ပြီး တော့မှ မချေမငံနဲ့ ဦးတို့က ပြန်မ ပြောသင့်ဘူး။ ဒါက တော့ အနုပညာ သမားတိုင်းရဲ့ စောင့်စည်းရမယ့် သီလဖြစ်တယ်။ မချေမငံနဲ့ ပြန်သွား မပြောရဘူး။ ကိုယ့်သီလနဲ့ကိုယ်နေ ရမယ်။ သူတို့ပြောတာတွေ မဟုတ် နေရင်လည်း ပြောတဲ့သူက အချိန် ကြာလာရင် မဟုတ်ဘူးဆိုတာကို သိသွားလိမ့်မယ်။ အနုပညာရှင် ဆိုတာ အမြဲတမ်း မေတ္တာထားပြီး တော့ နေရ မယ်။ ဝေဖန် ဒဏ်ကို ခံနိုင်ရမယ်။ ပရိသတ်တွေရဲ့ ကျေးဇူး ကို မမေ့သင့်ဘူး” လို့ ပြောပြပါတယ်။

မြန်မာပြည်သိန်းတန်က ငယ် စဉ်ကတည်းကနေ လုပ်ကိုင်လာတဲ့ အနုပညာဂီတအလုပ်ကို ထပ်မံ လုပ်ဆောင်သွားနေမှာဖြစ်ပေ မယ့် လည်း အသက်အရွယ်ရလာ နေပြီမို့ တခြားလုပ်ချင်တဲ့အရာ တွေလည်း ရှိနေသေးတဲ့အပြင် တရားဓမ္မအား ထုတ်မှုဘက်ကိုလည်း အာရုံစိုက် အချိန်ပေးချင်သေးကြောင်းလည်း ဆိုခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here