ဂျပန်ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာလုပ်သား (၁၃၀၀)ကျော် ခေါ်ယူမည်

0
162

ဂျပန်နိုင်ငံရှိ ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမား အမျိုးသား (၄၅၀) ကျော်နှင့် အမျိုးသမီး (၈၉၀) ကျော်၊ စုစု ပေါင်း ဦးရေ (၁၃၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာသံရုံး အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအ လိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိကြောင်း မေလ(၁၅)ရ က်က ထုတ်ပြန်ထားသည်။

ထိုသို့ စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ (၃) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၀၆) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြ န်ခြင်းဖြစ်သည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဆင့် ပေးပို့လာသည့် အ လုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများအနေဖြ င့် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ / မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ (၃၀)ရက်ကလည်း မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ် (၁၉) ရက်အထိ လ က်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၄၀၈)ခုနှင့် ပ တ်သက်သည့် အချက်အလက်များ အသိပေးထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၄၀၀) ကျော်က မြန်မာအလုပ်သမားဦး ရေ (၁၁၀၀) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင် ရာ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သေးသည်။

ထို့အတူပြီးခဲ့သည့် ဧပြီ(၁၂) ရက်ကလည်း အလုပ်ကမ်းလှ မ်းစာ (၄၀၃) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေး ထုတ်ပြန်ရာတွင် ဂျပန်ကုမ္ပဏီ (၄၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား ( ၃၃၀) ကျော်၊ အမျိုးသမီး (၉၄၀ ) ကျော်၊ စုစုပေါင်း ဦးရေ (၁၂၀၀ ) ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here