Online Trading Platform မှတဆင့် တရုတ်ယွမ်  ၁၀ သန်း ရောင်းချပေးမည်

0
123

လာမည့် မေလ ၂၀ ရက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် တရုတ်ယွမ် (၁၀) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေဈေး မြင့်တက်နေမှုကြောင့် ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတဆင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်များကို ရောင်းချပေးနေခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များ ရောင်းချပေးရာတွင် ဖေဖော်ဝါရီ (၂) ရက်မှစတင်၍ မေလ (၉) ရက်အထိ သုံးလကျော်အတွင်း (၁၁) ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်းနိုင်ငံခြားငွေပမာဏ ဒေါ်လာ ၂၆ သန်း၊ တရုတ်ယွမ် ၂၆ ဒသမ ၅ သန်းနှင့် ထိုင်းဘတ် ၁၉၆ သန်းအထိရှိပြီဖြစ်သည်။

ထို့ပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ (၁) ရက်မှစ၍ မတ်လ (၄) ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ (၁၅) ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ (၁၅) ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသ မ ၃၁ သန်း ထုတ်ရောင်းပေးထားသလို ဇန်နဝါရီ (၁၉) ရက်မှစ၍ မတ်လ (၄) ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သ န်း ၁၃၀၀ ထုတ်ရောင်းပေးထားသည်။ 

အလားတူ ဇန်နဝါရီ (၁) ရက်တွင် အမေရိကန် ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ် ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားသ ည်။

ထို့ပြင်  သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင် ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်းနှင့် ထိုင်းဘတ် ၁၃ ဒသ မ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here