အစ္စ​ရေးဓါးစာခံများ ထပ်မံ ​ေ-သဆုံး

0
276

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ ဖမ်းဆီးသွားခဲ့တဲ့ ဓါးစားခံတွေထဲက သုံးယောက်ရဲ့ ရုပ်အလောင်းတွေကို စစ်ဒဏ်ခံ ဂါဇာဒေသမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က မေ ၁၇ ရက်မှာ ပြောဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ ဓါးစာခံတွေဖြစ်တဲ့ ရှန်နီလောက်၊ အမစ် ဘူစကီလာနဲ့ အစ်ဇက် ဂီလာရန်တာ တို့ရဲ့ အလောင်းတွေကို ပြီးခဲ့တဲ့ညမှာ အစ္စရေးကာကွယ်ရေးတပ်က ပြန်ရယူနိုင်ခဲ့ပါတယ်” လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂရီက ရုပ်သံမိန်းခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

Nova ဂီတပွဲမှာ သွေးထွက်သံယိုတိုက်ခိုက်မှုအတွင်း သတ်ဖြတ်ခဲ့မှုနဲ့ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ လူသတ်ပွဲအတွင်း အစ္စရေးနိုင်ငံသားတွေ ဓါးစာခံဖမ်းဆီးခံခဲ့ရကြောင်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း အရပ်သားအများစုပါဝင်တဲ့ လူပေါင်း ၁၁၇၀ ဝန်းကျင်သေဆုံးခဲ့ပြီး ယင်းမှာ သုံးပုံတစ်ပုံလောက်က Nova ဂီတပွဲမှာဖြစ်တယ်လို့ အစ္စရေးအစိုးရ စာရင်းဇယားတွေကို အခြေခံပြီး AFP က ဖော်ပြပါတယ်။

ယင်းနေ့မှာပဲ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၅၂ ဦးရှိပြီး ယင်းတို့အနက် ၁၂၅ ဦးဟာ ဂါဇာဒေသတွင်းမှာ လက်ရှိအထိ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး သေဆုံးခဲ့တဲ့ ဓါးစာခံ ၃၇ ဦးရှိပြီလို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

ဓါးစာခံအလောင်းတွေ ပြန်လည်တွေ့ရှိခဲ့မှုဟာ ရက်စက်စွာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မိမိတို့ရဲ့ ညီအစ်ကို မောင်နှမတွေကို မြန်မြန်ဆန်ဆန် ပြန်ခေါ်ဆောင်ပေးဖို့ရာ နာကျင်ဖွယ် သတိပေးချက်ဖြစ်တယ်လို့ ဓါးစာခံမိသားစုများ ဖိုရမ်က ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here