အာဆီယံနှင့် ဟောင်ကောင်အကြား စီးပွားရေးကဏ္ဍ ဆွေးနွေး

0
86

အာဆီယံနှင့် ဟောင်ကောင်တို့အကြား စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဥပဒေပြုရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံအမြဲတမ်းကိုယ်စားလှ ယ်တို့အကြား တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အာဆီယံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖွဲ့ရုံးက ကြီးမှူးကျင်းပခဲ့သည့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ ဥပဒေပြုရေးကောင်စီ ဥက္ကဋ္ဌ H.E. Mr. Andrew Leung ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးပွဲကို မေလ (၁ ၅) ရက် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဂျကာတာမြို့၊ Fairmont Hotel ၌  ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် ဦးအောင်မျိုးမြင့်မှ တက်ရောက်၍ အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးမှူးအနေဖြင့် အမှာစကားပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဟောင်ကောင် ဥပဒေပြုရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေ သနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ ခရီးစဉ်သွား ရောက်စဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။ 

ယင်းတွေ့ဆုံဆွေးနွေးပွဲ၌ အာဆီယံနှင့် ဟောင်ကောင်အကြား စီးပွားရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ခရီးသွားလာရေးကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။  

ထို့ပြင် ၂၀၂၄ ခုနှစ်၊ လာအိုနိုင်ငံမှ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ဦးစားပေးဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ပြုမှု သဘောတူစာချုပ်သို့ ဝင်ရောက်ရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here