လမ်းညွှန်စနစ်အသစ်တပ်ဆင်ထားသော ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

0
406

စမ်းသပ်ပစ်လွှတ်မှုသည် စနစ်၏ တိကျမှုနှင့် ယုံကြည်စိတ်ချရမှုကို အတည်ပြုခဲ့ကြောင်း Korean Central News Agency က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် လမ်းညွှန်စနစ်အသစ် တပ်ဆင်ထားသော နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ကို မေလ ၁၇ ရက်က စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဖော်ပြထားသည်။

“မေလ ၁၇ ရက်နေ့က၊ မြောက်ကိုရီးယား ဒုံးကျည် အထွေထွေဗျူရိုက လမ်းကြောင်းပြစနစ်သစ် တပ်ဆင်ထားတဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ စမ်းသပ်ပစ်လွှတ်မှုအရ  လမ်းညွှန်စနစ်အသစ်ရဲ့တိကျမှုနဲ့ ယုံကြည်စိတ်ချရမှုကို အတည်ပြုနိုင်ခဲ့ပါတယ်ဟု မြောက်ကိုရီးယားဒုံးကျည် အထွေထွေဗျူရိုက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အဆိုပါစမ်းသပ်ပစ်လွှတ်မှုကို ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခဲ့သည်။

မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို မေလ ၁၇ ရက်က ဂျပန်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် ကီလိုမီတာ ၃၀၀ ခန့် အဝေးအထိပျံသန်းခဲ့ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here