ဂျနင်ကို လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းအစွန်းရောက်တပ်မှူးကို ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောကြား

0
174

ပါလက်စတိုင်းအစွန်းရောက်များ၏ အခြေခံအဆောက်အအုံများတည်ရှိရာ ဂါဇာအနောက်ဘက်ကမ်းရှိ ဂျနင်နယ်မြေတွင် အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသဆိုင်ရာ ပါလက်စတိုင်းအစွန်းရောက်တပ်မှူးတစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

“အစ္စရေးလုံခြုံရေးအေဂျင်စီ(ISA)၏ ထောက်လှမ်းရေးသတင်းများကို အခြေခံ၍ အစ္စရေးလေတပ်(IAF)မှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သည် ဂျနင်မြို့ရှိ ပါလက်စတိုင်းအစွန်းရောက်များ စစ်ဆင်ရေးဗဟိုအဖြစ် အသုံးပြုသည့် ခြံဝင်းအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး၊ နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန်လည်း စီစဉ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်၏ အဆိုအရ အဆိုပါ တိုက်ခိုက်မှုတွင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့များ၏ ဖွဲ့စည်းပုံတွင် အရေးပါသူတစ်ဦးဖြစ်သည့် တပ်မှူး အစ္စလမ်ခါမေဆေး(Islam Khamayseh)ကို ရှင်းလင်းချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။ သူသည် ၂၀၂၃ ခုနှစ် မေလက ဂျူးများအခြေချနေထိုင်သည့် ဟာမက်ရှ်မြို့အား တိုက်ခိုက်မှုအပါအဝင် အခြားအကြမ်းဖက်တိုက်ခိုက်မှု အများအပြားတွင် ပါဝင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ ဟာမက်ရှ်မြို့အား တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်ဟုလည်း အစ္စရေးစစ်တပ်က ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here