စစ်ကိုင်းတိုင်း ဒေသကြီးအဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေး

0
95

တိုင်းဒေသကြီးအဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲကိုမေ (၁၇) ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်း ပသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်နှင့်မြို့နယ်များတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ ကျေးလက်စီးပွား‌မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊စိုက်ပျိုးရေးအထောက်အကူပြု ဆိုလာရေတင်စနစ်လုပ်ငန်းစီမံကိန်း စသည့် စီမံကိန်း(၆)ခု၏လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်လာသူများ၏ တိုင်းဒေသကြီးအဆင့် စီမံကိန်းများ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီး ဦးစီးမှူး က လိုအပ်ချက်များကို သုံးသပ်ပြီး အားလုံးပူးပေါင်းဆောင် ရွက်နိုင်ရန်ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးသိန်းထိုက်ဦး၊  တိုင်းဒေသကြီးရုံး၊ မုံရွာခရိုင်ရုံးတို့မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး အ တွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများက Video Conferencing စနစ်ဖြင့်  တက်ရောက်ကြသည်။

တက်ရောက်လာကြသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ဟုမ္မလင်းခရိုင်၊  ခန္တီးခရိုင်၊ နာဂဒေသကိုယ် ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ စစ်ကိုင်းခရိုင်၊ တမူးခရိုင်၊ မုံရွာခရို င်၊ မော်လိုက်ခရိုင်၊ ယင်းမာပင်ခရိုင်၊ ရွှေဘိုခရိုင် နှင့် ရေဦးခရိုင်တို့မှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်ဦးစီးမှူးများက သက်ဆိုင် ရာခရိုင်နှင့်မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများနှင့် ပတ်သ က်၍ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) နှင့်ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) တို့ ကဖြည့်စွက်  အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here