မန္တလေးတွင် သားအမိ(၂)ဦး ရေလှောင်ကန်ပေါ် ရေချိုးရာမှ ဓာတ်လိုက်ကာ သမီးဖြစ်သူ‌ ​ေ-သဆုံး

0
283

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် မြေ အောက် ရေသိုလှောင်ကန်ပေါ် ၌ သားအမိ(၂) ဦး ရေချိုးရာမှ ရေမော်တာသို့ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးမှ ဓာ တ်လိုက်ပြီး သမီးဖြစ်သူ အသက်ဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ မေ (၁၈) ရက်၊ နေ့လယ် (၁၂)နာရီအချိန်ခန့်က အော င်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း၊ နှင်းဆီအိမ်ရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မိခင်ဖြစ်သူနှင့်အတူ ရေချိုးနေသည့် သမီးဖြစ်သူမှာ ရေမော်တာသို့ သွယ်တန်းထားသော လျှပ်စစ်ကြိုးမှ ဓာ တ်လိုက်ပြီး ရေသိုလှောင်ကန်အတွင်းသို့ ပြုတ်ကျသွားရာ မိခင်ဖြစ်သူမှ ကလေးအား ဆယ်ယူရာတွင် ထပ်မံဓာတ်လို က်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို သတင်းအရ အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် အရန်မီးသ တ်တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သမီးဖြစ်သူမှာ အသက်ဆုံးရှုံးခဲ့ရပြီး မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား နှင်းဆီသုခစေတနာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here