ကန်အောက်လွှတ်တော်ဥက္ကဌဟောင်း၏ခင်ပွန်းအား တူဖြင့် ထုနှက်ခဲ့သူ ကိုထောင်အနှစ် ၃၀ ချ

0
245

ဝါရှင်တန်၊မေ ၁၈

အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီ၏ အိမ်သို့ဖောက်ထွင်းဝင်ရောက်ကာ ပေလိုစီ၏ခင်ပွန်းကို တူဖြင့်ထုနှက်ခဲ့သည့် အမျိုးသားကို ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်ကြောင်း အစိုးရရှေ့နေများထံမှသိရသည်။

ထိုအချိန်က မစ္စပေလိုစီသည်ဝါရှင်တန်သို့ရောက်ရှိနေစဉ်ဖြစ်ပြီး ၎င်းတို့၏နေအိမ်အတွငိး သို့ အဆိုပါအမျိုးသားကဖောက်ထွင်းဝင်ရောက်ခဲ့ကာ မစ္စပေလိုစီ၏ခင်ပွန်းကို တူဖြင့်ထုနှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကျူးလွန်သူအမျိုးသားသည် မစ္စပေလိုစီအား ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရန် ကြံစည်ကာကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဝန်ခံထွက်ဆိုခဲ့သည်ဟု အစိုးရ ရှေ့နေများကပြောကြားခဲ့သည်။

မစ္စတာပေါလ်ပေလိုစီသည် အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဦးခေါင်းခွံရိုးကျိုးခြင်းနှင့် အခြားဒဏ်ရာများကို ခံစားခဲ့ရသည်ဟုလည်းသိရသည်။

Source : ရိုက်တာ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here