၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများအတွက် BYD for Essential Motor က Co-sponsor အဖြစ် ထပ်မံ ပံ့ပိုးမည်

0
161

၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်လျှက်ရှိသော MNL League Cup 2024 ပြိုင်ပွဲများအယးလုံးအတွက် BYD for Essential Motor က Co- sponsor အဖြစ် ထက်မံပံ့ပိုးသွားမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီထံက သိရသည်။

အဆိုပါ ပံ့ပိုးမှုအတွက် သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ မေလ(၁၈)ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြပြီး မြန်မာနေရှင်နယ်လိဂ်(၁)၊ လိဂ်(၂) အပါအဝင် မြန်မာအမျိုးသမီးလိဂ်၊ ယူလိဂ်-(၂၀) ပြိုင်ပွဲများအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

BYD for Essential Motor ကုမ္ပဏီလိမိတက်သည် မြန်မာ နိုင်ငံအတွင်းသို့ လျှပ်စစ်ဘတ္ထရီကားများ တင်သွင်းဖြန့်ဖြူးရောင်းချပေးနေသည့် ထိပ်တန်းကုမ္မဏီတစ်ခုဖြစ်သည်။

ယခုလ မေလ(၁၄)ရက်ကလည်း ၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများအတွက် ဧရာဝတီဘဏ်က ကျပ်သိန်းနှစ်သောင်းကို Main Partner အဖြစ်‌ ထောက်ပံ့ပေးအပ်ခဲ့သေးသည်။

ယနေ့ ပြုလုပ်သည့် စာချုပ်ချုပ်ဆိုပွဲသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ Essential Motor Co.,Ltd ၏ အမှုဆောင်အရာရှိချုပ် ဦးဝေယံမင်းနိုင်၊ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးစိုင်းခင်မောင်အေး၊ ရှမ်းယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်းနှင့် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ နည်းပြချုပ်များ၊ Essential Motor မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here