ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ် (၅) ခု ထပ်တိုးလာ

0
198

ပြီးခဲ့သည့် ဧပြီလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအသစ် (၅) ခုကို အကျိုးဆောင်လိုင်စင် ထုတ်ပေးခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အေဂျင်စီအသစ် ၅ ခုထပ်တိုးလာပြီး အကျိုးဆောင်လိုင်စင်ရယူထားသည့် အေဂျင်စီ (၅၆၄)ခု အထိရှိလာပြီဖြစ်ကာ ယင်းမှ အေဂျင်စီ (၇) ခုသည် လိုင်စင်ယာယီ ပိတ်သိမ်းခံထားရကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်သည် (၃၀၀) ဝန်းကျင်သာရှိပြီး ထက်ဝက်ခန့်နီးပါးတိုးလာကြောင်း သိရသည်။

သို့သော် အေဂျင်စီထက်ဝက်ခန့်နီးပါးမှာ ပြည်ပသို့ အလုပ်သမားစေလွှတ်နိုင်ခြင်းမရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ တစ်လလျှင် အလုပ်သမားဦးရေ (၁၅,၀၀၀) ဝန်းကျင် ပြည်ပသို့ တရားဝင်ထွက်ခွာနေပြီး တရားမဝင် သွားရောက်လုပ်ကိုင်သူများလည်းရှိနေကာ အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here