အမျိုးသမီးတစ်ဦးက ခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၆၇၂) သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများစစ်ကိုင်းမြို့တွင် ဖမ်းမိ

0
202

စစ်ကိုင်းမြို့တွင် အမျိုးသမီးတစ်ဦးက ဆာလာအိတ်ထဲ ထည့်သွင်းကာခရီးသည်တင်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ငွေကျပ် (၆၇၂) သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းမြို့၊ တစ်ကောင်းရပ်ကွက်ရှိ ရတနာပုံတံတားအနီးတွင် မေလ (၁၇) ရက်၊ နံနက် (၉)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ အင်းတော်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မအေးမိစံ သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၄၄.၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၇၂ သိန်း) နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here