မုံရွာမြို့တွင်လင်မယားနှစ်​ယောက်အား ဓါးထောက်အနုကြမ်းစီးသူများကို နာရီပိုင်းအတွင်း ဖမ်းမိ

0
163

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်အား ဓါးဖြင့်ထောက်ကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို နာရီပိုင်းအ တွင်း ဖမ်းဆီးနိုင်ခဲ့ပြီး ဓါးပြတိုက်ယူဆောင်သွားသော ငွေများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့၊ မေလ (၁၉) ရက်၊ နံနက် (၂)နာရီ (၃၀) မိနစ် အချိန်ခန့်က မုံရွာမြို့ဘုရားကြီးရပ်ကွက်၊ ကမ်းနာလမ်းရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် နေအိမ်ဆိုင်အတွင်း ဒုတိယထပ် ပြတင်းပေါက်ကတစ်ဆင့် အမည်မသိ အမျိုးသား (၁)ဦး ဝင်ရောက်လာပြီး ၎င်းနှင့်ဇနီးဖြစ်သူတို့အား ဓါးထောက်၍ ငွေကျပ်သိန်း (၃၀)ကို ခြိမ်းခြောက်ယူဆောင်သွားကြောင်း နယ်ထိန်းအရာ ရှိထံသို့  သတင်းပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ  ရဲမှူး သိန်းထွန်းဦးစီးပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ပြစ်မှုကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်နိုင်သည့် လမ်းကြော င်းများအား ဖြန့်ခွဲ၍ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ သတင်းပေးတစ်ဦး၏ ဖုန်းဆက်သတင်းပေးပို့ချက်အ ရ ရေကူးကန်လမ်းအတိုင်း အနောက်မှအရှေ့သို့ မသင်္ကာဖွ ယ်လူ(၂)ဦး ဆိုင်ကယ်(၂) ယောက်ပူးစီး၍ မောင်းနှင်သွားကြောင်းသိရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံပိတ်ဆို့ ရှာဖွေခဲ့ကြသည် ။

ထို့သို့ ရှာဖွေနေစဉ် နံနက် (၆) နာရီ ခွဲ အချိန်ခန့်တွင် ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း၊ ဓမ္မရံသီဘုန်းကြီးကျောင်းအနီး တွင် မသင်္ကာဖွယ်ဆိုင်ကယ် တစ်စီး (၂)ယောက်ပူးစီး နင်းလာသည်ကို စစ်ဆေးစဥ် ၎င်းတို့ထံမှ ဓါးပြတိုက်ယူ ဆောင်သွားသည့် ငွေကျပ် သိန်း (၃၀) အနက်မှ ငွေကျပ် (၂၇) သိန်း (၈) သောင်း နှင့်အတူ တရားခံ  စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုး  အသက် ၃၂ နှစ် (အဘ) ဦးဝင်းဌေး မုံရွာမြို့နယ် ဘော်ကယ်ကျေးရွာနေသူ နှင့် အတူ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးသူ မောင်မောင်ဦး(၃၇)နှစ် (အဘ) ဦးကျော်ရွှေ  မုံရွာမြို့ လယ်တီရပ်ကွက် နေသူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံ စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုး သည်  ၂၀၂၁ အောက်တိုဘာလ (၂) ရက်က မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ SANSUNG ဖုန်း အရောင်းဆိုင်အ တွင်းမှ ဖုန်းမျိုးစုံ(၁၇)လုံးနှင့်ဆက်စပ်ပစ္စည်းများ Laptop (၁)လုံး၊ စုစုပေါင်းတန်ဖိုး (၇၇၁၄၂၀၀၀) ကျပ်တို့ကို ခိုးယူခဲ့ ဖူးသဖြင့် မုံရွာမြို့မရဲစခန်း (ပ)၂၅၃/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှ တရားခံပြေးအဖြစ် အမှုဖွင့်လှစ်ခံထားရသူတစ်ဦးဖြစ်ကြောင်း ထပ်မံစစ် ဆေးသိရှိရသဖြင့် မုံရွာမြို့မရဲစခန်း (ပ)၁၂၆/၂၄၊ ရာဇသတ်ကြီးပုဒ်မ ၄၅၈ ဖြင့်အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here