အီရန်သမ္မတ ပါသည့် ရဟတ်ယာဉ် ပျ-က်-ကျ

0
208

အီရန် သမ္မတ ရိုင်စီ နှင့်နိုင်ငံခြားရေးဝန်ကြီး တို့လိုက်ပါလာသည့် ရဟတ်ယာဥ်တစ်စင်း တနင်္ဂနွေနေ့က ပျ-က်-ကျခဲ့ကြောင်းအီရန်နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။

ပျ-က်-ကျသည့်နေရာတွင်ရာသီဥတုဆိုးဝါးနေခြင်း၊ မြူထူထပ်နေခြင်းတို့ကြောင့် ရှာဖွေကယ်ဆယ်ရေးသမားများက ရှာမတွေ့သေးဟုသိရသည်။

အဆိုပါ ရဟတ်ယာဉ်ကို ရှာဖွေရန် အဖွဲ့ ၁၆ ဖွဲ့ ပါဝင်သည့် ရှာဖွေရေး လုပ်ငန်းကြီးများ လုပ်ဆောင်နေကြောင်း နိုင်ငံပိုင် သတင်းဌာန IRNA က ဖော်ပြခဲ့သည်။ ရာသီဥတု ဆိုးနေခြင်းက ရှာဖွေမှုကို အဟန့်အတား ဖြစ်စေသည်ဟု သတင်းများက ဆိုသည်။ အဖွဲ့များသည် ငါးနာရီနီးပါးကြာသည်ထိလေယာဉ်ပျ-က်-ကျရာနေရာကို ရှာမတွေ့သေးပေ။

အ‌ေ-သအပျောက်များနှင့်ပတ်သက်၍၄င်း၊သမ္မတ၏ တည်နေရာ သို့မဟုတ် အခြေအနေတို့ကို၄င်း နိုင်ငံပိုင်မီဒီယာက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ လေယာဉ်ပျ-က်-ကျရသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။

မစ္စတာရိုင်စီသည် အီရန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သည့် အရှေ့အဇာဘိုင်ဂျန်ပြည်နယ်သို့ သွားရောက်သည့်ခရီးတွင်ယခုလိုဖြစ်ခဲ့ခြင်းဖြစ်သည်။

အီရန်ပြည်ထဲရေးဝန်ကြီးက သမ္မတနဲ့ အဆက်အသွယ်မရှိသေးကြောင်းပြောသော်လည်း သမ္မတသည် ဘေးကင်းပြီး အသံကောင်းကြောင်း အရေးပေါ် ဖုန်းခေါ်ဆိုနိုင်ခဲ့ကြောင်း အချို့သော သတင်းများအရ သိရသည်။

ဝန်ကြီးအဖွဲ့တစ်ဖွဲ့အပါအဝင်ရဟတ်ယာဉ်သုံးစီး ယာဉ်တန်းဖြင့်သွားကြရာအခြားလေယာဉ်နှစ်စင်းတို့သည် ၎င်းတို့၏ ဦးတည်ရာသို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

သမ္မတနှင့် နိုင်ငံခြားရေး ဝန်ကြီးတို့အပြင် ပြည်နယ် အုပ်ချုပ်ရေးမှူးလည်း ဗာဇာဂန် အမည်ရှိ ဧရိယာတွင် ပျ-က်-ကျခဲ့သည့် ရဟတ်ယာဉ်တွင် ပါဝင်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

Ref:nytimes


LEAVE A REPLY

Please enter your comment!
Please enter your name here