အမျိုးသား တစ်ဦး ကျုံးအတွင်း ပြုတ်ကျကာ ရေနစ် အသက်ဆုံးရှုံး

0
455

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊ ကျုံးမြောက်ပေါက်တံတားအနီးတွင် စိတ်ကျန်းမာရေး မကောင်းသူ အမျိုးသားတစ်ဦး ကျုံးအတွင်း ပြုတ်ကျကာ ရေနစ် အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအ ရ သိရသည်။ 

ယနေ့ မေ (၂၀) ရက်၊ နံနက် (၈)နာရီ (၄၅)မိနစ်အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ (၁၂) လမ်း၊ (၇၃) လမ်းနှင့် (၇၄) လမ်းကြား၊ ကျုံးမြောက်ပေါက်တံတားအနီးတွင် အမျိုးသား (၁)ဦး ကျုံးအတွင်းပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကို သတင်းရရှိသဖြင့် အောင်မြေသာစံမြိုနယ် မီးသ တ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ရေး လုပ်ဆောင်ရာ နံနက် (၉)နာရီ (၁၄)မိ နစ်အချိန်တွင် ရေနစ်‌ေ-သဆုံးသူ အမျိုးသား (၁)ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး စေတနာ၊ မေတ္တာ၊ကရုဏာ လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here