U 17 League 2023-24 ပြိုင်ပွဲ ရခိုင်ယူနိုက်တက်အသင်းက ရမှတ်အများဆုံးဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရပ်တည်နေ

0
390

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပလျက်ရှိသည့် ယူ-၁၇ လိဂ် ဘောလုံးပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းက ရမှတ်အများဆုံးဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။

ယနေ့ မေ(၂၀)ရက်၌ ယူ-၁၇ လိဂ်၏ ပွဲစဉ်(၁၅)အပြီး ရလဒ်များထွက်ပေါ်ခဲ့ခြင်းဖြစ်ကာ၊ ရခိုင်ယူနိုက်တက်အသင်းက (၃၈) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင်ရပ်တည်နေခြင်းဖြစ်သည်။

ထို့အတူ ရှမ်း FC အသင်းက ရမှတ်(၃၇) ဖြင့် ဒုတိယ၊ နေပြည်တော် FC က ရမှတ် (၃၄)မှတ်ဖြင့် တတိယ နေရာတွင်အ သီးသီးရပ်တည်နေခြင်းဖြစ်သည်။

ပွဲစဉ်(၁၅)အပြီး ဂိုးအများဆုံး သွင်းယူထားသူများ ရလဒ်ကိုလည်း တဆက်တည်း ထုတ်ပြန်ထားရာ ရှမ်း FC မှ ခေးရောင်မင်းလေးက (၁၆)ဂိုးနှင့် ဆုလာဘ်မြင့်မိုရ် FC အသင်းမှ စည်သူဖြိုးက (၁၆) ဂိုး ဖြင့် အများဆုံးသွင်းယူထားနိုင်ကြော င်း သိရသည်။

အလားတူ ရခိုင်ယူနိုက်တက်မှ ထူးဝဏ္ဏ က (၁၄)ဂိုး၊ အာသာ ဝတီ FC မှ ကောင်းမြတ်အောင်က (၁၁)ဂိုးအသီးသီးသွင်းယူ ထားသည်။

FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲတွင် အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာ နှစ်ကျော့စနစ်ဖြင့် ကျ င်းပနေကာ အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်မည့်အ သင်းမှာ ချန်ပီယံဆုဖလား ရရှိမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here