လပွတ္တာမြို့တွင် ဆောက်လုပ်ရေးလုပ်သား မိသားစုဝင် (၄၅) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

0
249

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမား မိသားစုဝင် (၄၅) ဦး အထိ အ စာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့်အတွက် လပွတ္တာမြို့ရှိ (၃) မိုင် ကုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)ထံမှ သိရသည်။

လပွတ္တာမြို့ လ/တောင် ၊ ကွမ်းခြံကုန်း၊ ချောင်းကလေး အမှ တ် (၉) ရပ်ကွက်နှင့် (၅) ရပ်ကွက်တို့တွင် နေထိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ မိသားစုဝင်များမှ မေလ (၂၀) ရက် ညနေပိုင်းအချိန်က အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အသင်းမှ သိရသည်။

အဆိုပါ အစာအဆိပ်သင့်သူများမှာ ဆောက်လုပ်ရေးလုပ် ငန်းခွင် လုပ်သားများနှင့် မိသားစုဝင်များဖြစ်ပြီး ဘဲဥနှင့် ငံပြာရည်ချက် စားသောက်မိရာမှ အစာဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အသင်းက ဆိုသည်။

အဆိုပါ အစာအဆိပ်သင့်သည့်  (၄၅) ဦးတွင် ကလေးငယ်များလည်း ပါဝင်ကာ လက်ရှိ လပွတ္တာမြို့ (၃) မိုင် ကုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းများက ပို့ဆောင်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here