YBS ယာဉ်အားလုံးတွင် ခရီးစဉ်လမ်းကြောင်းပြ စတေကာများကပ်မည်

0
127

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ခရီး သည်တင်ယာဉ်များတွင် ခရီးစဉ်လမ်းကြောင်းပြ စတေကာများ ကပ်မည်ဖြစ်ကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ယင်းကဲ့သို့ လမ်းညွှန်စတေကာ ကပ်ပေးခြင်းမှာ ခရီးသွားပြည်သူများအနေဖြင့် မိမိသွားလိုသည့် မှတ်တိုင်ကို အလွ ယ်တကူသိရှိရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် YBS ကုမ္ပဏီ (၇) ခုမှ ယာဉ်လိုင်း (၇၁)လိုင်းတွင် တပ်ဆင်ပေးပြီးဖြစ်ပြီး ကျန်ယာဉ်လိုင်း အားလုံးတွင်လည်း တပ်ဆင်နိုင်ရန် မေလ (၁၇) ရက်နောက်ဆုံးထား၍ လမ်း ညွှန်စတေကာများလာရောက်ထုတ်ယူရန် အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် လမ်းညွှန်မြေပုံပါ စတေကာများတပ်ဆင်ပြီးစီးသည့်အခါတွင်လည်း Application မှတဆင့် ကြည့်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ နေ့စဉ် YBS ယာဉ်လိုင်း (၁၃ ၁) လိုင်းပြေးဆွဲနေပြီး ယာဉ်အစီးရေ (၃,၈၀၀) ဖြင့်ခရီးသ ည် (၁၆) သိန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

ထို့ပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အတွက် ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် YBS ယာဉ်အားလုံး လာမည့် ဇွန်လကုန် နောက်ဆုံးထားကာ CCTV တပ်ဆင်ရမည်ဖြစ်ပြီး မတပ်ဆင်သည့် ယာဉ်များကို လိုင်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here